နောင်တကင်းရာသို့(သို့မဟုတ်)ဆောက်တည်ရာ
တောင်တန်းပြာကိုနောက်ခံထား
ခြားနားတဲ့လျိုမြောင်ကန်းသင်းတွေနဲ့
လယ်ကွင်းတွေကို မြေမှာဖြန့်ခင်း
ထင်ခနဲပေါ်လာမယ့် သဘာဝအလှကို မြင်ယောင်ရင်း
လောကကြီးကိုလည်း ကျေးဇူးတင်ခဲ့ဘူးတယ်......
တိုက်တာအဆောက်အဦးတွေကိုနောက်ခံထား
ဆန်းပြားတဲ့လမ်းမ မီးတိုင်တွေနဲ့
ယိုင်တိုင်တိုင် တိုက်တွေကိုကြည့်ပြီး
ဆီးကြိုနေတဲ့မြို့ပြရဲ့ အနံ့ အသက်ကိုခံစားရင်း
လူ့ဘ၀ကြီးကိုလည်း ကျေးဇူးတင်ခဲ့ဘူးတယ်.....
ဒေါသ၊မောဟ၊ မာနတွေကိုနောက်ခံထား
များပြားကြီးမားတဲ့လောဘဲနဲ့
ပြောမရတဲ့မကောင်မှုတွေကိုပြုလုပ်
အချုပ်အနှောင်တွေမကြောက်ဘဲ ဓနအတုတွေကိုလဲလှယ်ရင်း
ကိုယ့်ကိုကိုယ်လည်း အဟုတ်ကြီးထင်ခဲဘူးတယ်.......
သစ္စာလေးပါးကိုနောက်ခံထား
ထူးခြားတဲ့ကောင်းမှုကုသိုလ်တွေနဲ့
ဒါန၊သီလ၊ဘာဝနာတွေကို ရုပ်နဲ့နာမ်မှာသိုလှောင်
ဖောင်မဂ္ဂင်ပေါ်လာမယ့်အချိန်ကိုစောင့်မျှော်ရင်း
ခုချိန်မှာတော့ တရားတော်မြတ်ကို ဆည်းကပ်ကိုးကွယ်ပြီး
ကျေးဇူးတင်နေပါပြီ။.......
မေ...
↧