Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all articles
Browse latest Browse all 191

းးး ပြော ပြီးပြီးးး

$
0
0





းးး  ပြော ပြီးပြီးးး





မပြောပါရစေနဲ့

လောကရဲ့  မြေတစ်ကွက်စာတောင်

မပိုင်ဆိုင်ထားသူမို့

အားယူပြီး  ပစ်လွှတ်လိုက်တဲ့

ခဲ တစ်လုံးလို

အသည်းနှလုံးကို

ဆွဲထုတ် နှစ်မြှုပ်ထားပြီးသူပါ ။

သောကနဲ့  တည်,ဖွဲ့, ရစ်ပိတ်ထားတဲ့

အချစ်ဆိပ်မြားချက်တွေကြောင့်

ခါးသက်နေဆဲ  သွေးရဲရဲတွေမို့၊

အေးခဲမာကျောတဲ့အထိ  ပကတိ စိတ်အသွင်နဲ့

( ချစ်ခြင်းရဲ့ နိမိတ်တွေကို မမြင်ချင်တော့လို့ )

အိပ်ချင်ယောင်ဆောင်နေရသူပါ ။


မပြောပါရစေနဲ့

ဒေါသနဲ့ ဖောက်ခွဲခဲ့တဲ့

နောက်ဆက်တွဲ  နောင်တတွေ

တသီတတန်းကို ရှင်ခန်းဖြတ်ထားသူမို့၊

နှူးညံ့,သိမ်မွေ့  အေးဆေးစွာ

တစ်ယောက်တည်း

လျှောက်ရဲဖို့  ကြိုးပမ်းနေရသူပါ ။


မပြောပါရစေနဲ့

မျက်ရည်ကို သက်သေမထားချင်လို့

ပျံရင်းနဲ့ မာန်တင်းပြီး

ခံပြင်းစိတ်ကို  မျိုသိပ်လျှက်

အငိုစိတ်ကို  ဖယ်ခွာထားသူပါ ။


မပြောပါရစေနဲ့

အကဲ့ရဲ့ခံစရာ  သံသရာအကြွေးများ

အေးအေးဆေးဆေး ပေးဆပ်ရင်း

အတင်းအဖျင်း သတင်းအစုံကို

ခံတွင်းမှာ ငုံထားရသူပါ ။


မပြောပါရစေနဲ့

မောဟ တွေရဲ့ အလှေ...

Viewing all articles
Browse latest Browse all 191

Trending Articles