Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all articles
Browse latest Browse all 191

ဒီဇင်ဘာအလွန်နေ့ရက်များ

$
0
0
ဒီဇင်ဘာအလွန်နေ့ရက်များ

ဘဝက. . .
ရေခဲလိုက်၊ မီးတောက်လိုက်
အဲဒီထဲ..
စိတ်တွေ ကသောင်းကနင်း
အေးချမ်းမှုတွေ ဒီဇင်ဘာနောက်
ကပ်ပါမလာခဲ့။
နွေတမန်ကကြိုခင်းလို့
မိုးဦးမျက်ရည်တွေပူစပ်ပူလောင်
စုတ်ချက်မှားသွားပြန်တဲ့ဘဝ။
ဘာကိုမှမတောင့်တသင့်တော့ဘူး
ဆန္ဒတွေက ဘဝတစ်ခဏမှာ
လူကိုလျှင်လျှင်မြန်မြန်အိုမင်းစေခဲ့
ခြေလှမ်း ၂၀ အရောက်မှာ
စိတ်ကထက်ဝက်မကကြီးပြင်း
ကံစေစားရာမျောပါဖို့ထက်
ပစ္စက္ခမှာအကောင်းဆုံးဖြစ်ဖို့
သံဝေဂတွေတပွေ့တပိုက်ရခဲ့တယ်။
"ဇန်နဝါရီ ၂၀၁၂ ၊  Youth magazine"

ဆောင်းငှက်
Tuesday, July 6, 2011

Viewing all articles
Browse latest Browse all 191

Trending Articles