ရွှေတောင်
မေတ္တာတရားကို ရှာဖွေနေပုံရတဲ့
မျက်မှန်နဲ့ဘုရားကြီးရှိတယ်
လူတွေရဲ့လောဘကြောင့်
ရွှေတောင်ကြီးကွယ်ခဲ့တယ်ဆိုတဲ့မြို့
တစ်ရာတန်အသုတ်တစ်ထုတ်နဲ့
မနက်ခင်းလောင်စာဖြည့်ပေးနိုင်တဲ့မြို့
ရောင်းတယ်၊ ဝယ်တယ်အကြောင်းပြပြီး
ဆိုင်ကယ်ပွဲတော်တည်တဲ့မြို့
လူကုံထံတွေနေလို့ကောင်းတဲ့မြို့
မညီမျှတဲ့စိတ်ဓာတ်တွေကြား
ပဋ္ဌာန်းတန်ခိုးနဲ့ငြိမ်းချမ်းနေတဲ့မြို့
. . . . . . မြို့
စိန်ပန်းနီနီတွေကိုမြင်ရင်
မြင်းလှည်းသံနဲ့
အိပ်တန်းထခဲ့ရတာကို သတိရတယ်
ရွှေတောင်. . .
လောဘတရားတွေခေါင်းပါးချိန်
ရွှေတောင်ကြီးပြန်ပေါ်လာမတဲ့. . . ။ ။
ဆောင်းငှက်
December 5, 2011
2:15 PM
မေတ္တာတရားကို ရှာဖွေနေပုံရတဲ့
မျက်မှန်နဲ့ဘုရားကြီးရှိတယ်
လူတွေရဲ့လောဘကြောင့်
ရွှေတောင်ကြီးကွယ်ခဲ့တယ်ဆိုတဲ့မြို့
တစ်ရာတန်အသုတ်တစ်ထုတ်နဲ့
မနက်ခင်းလောင်စာဖြည့်ပေးနိုင်တဲ့မြို့
ရောင်းတယ်၊ ဝယ်တယ်အကြောင်းပြပြီး
ဆိုင်ကယ်ပွဲတော်တည်တဲ့မြို့
လူကုံထံတွေနေလို့ကောင်းတဲ့မြို့
မညီမျှတဲ့စိတ်ဓာတ်တွေကြား
ပဋ္ဌာန်းတန်ခိုးနဲ့ငြိမ်းချမ်းနေတဲ့မြို့
. . . . . . မြို့
စိန်ပန်းနီနီတွေကိုမြင်ရင်
မြင်းလှည်းသံနဲ့
အိပ်တန်းထခဲ့ရတာကို သတိရတယ်
ရွှေတောင်. . .
လောဘတရားတွေခေါင်းပါးချိန်
ရွှေတောင်ကြီးပြန်ပေါ်လာမတဲ့. . . ။ ။
ဆောင်းငှက်
December 5, 2011
2:15 PM