** ထင်းရှူးလမ်းကပုံပြင် **
ဆောင်းငှက်
July 6, 2011 _Wed
9:17 PM
- ၁ -
ဂျပန်ခေတ်... ၁၉၁၅ ခုနှစ်ဝန်းကျင်ခန့်။
မြန်မာနိုင်ငံ၏မြို့တစ်မြို့မှာ လာရောက်အုပ်ချုပ်နေတဲ့အရာရှိတစ်ယောက်တွင် ‘ဆာကုရ’ အမည်ရှိ သမီးတစ်ယောက်
ရှိသည်ဟုသိကြသည်။ ထိုသမီးတစ်ယောက်သည် မချောမလှသော်လည်း ချစ်စဖွယ်ကောင်းသည်။ အသက်ကား (၂၀) ခန့်ရှိပြီဖြစ်
သည်။ သူမ၏ အဖေအုပ်ချုပ်ခွင့်ရသည့်မြို့၏ရပ်ကွက်တစ်ခုတွင် သုတဆိုသည့်လူငယ်တစ်ဦးလည်းရှိ၏။ ထိုလူငယ်ကား အရပ်
ရှည်ရှည်၊ ဗမာမပီသသည့်ရုပ်မျိုး။ ထိုလူငယ်နှင့် အရာရှိကြီး၏ သမီးတို့သည် ဈေးဆိုင်တစ်ဆိုင်တွင်ဈေးလာဝယ်ရင်းကနေတိုက်
ဆိုင်မှုများစွာနှင့် ခင်မင်ဖြစ်ခဲ့ကြသည်။ ခင်မင်ဖြစ်ရင်းကနေ ချစ်သူ၊ ရည်းစားအဆင့်သို့ပင်ရောက်ခဲ့ကြသည်။ ထိုခေတ်၊ ထိုကာလက
လူငယ်များပီပီ သူတို့နှစ်ဦးအကြောင်းကိုတော်ရုံလူများကမရိပ်မိကြပေ။ အရာရှိကြီး၏သမီးကလည်းဗမာစာကိုအသင့်တင့်ပြော
တတ်ရုံမက၊ မြန်မာ့မြေတွင် နေရသူပီပီ၊ မြန်မာမိန်းကလေးတို့ယဉ်ကျေးမှုကို လက်ခံကျင့်သုံးခဲ့သည်။ ‘ဆာကုရ’ နှင့် သုတ တို့၏
ချစ်သူသက်တမ်း နှစ် နှစ်ကျော်ကာလတွင် သူမ၏ဖခင်ကဂျပန်ပြည်သို့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ဖြစ်လာသည်။ သူတို့နှစ်ဦး
လည်း တစ်ဦးနှင့်တစ်ဦးမခွဲခွာနိုင်ကြ၍ သူတိ...