Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all articles
Browse latest Browse all 191
!!! ♣ ပန်းဗေဒါ နှင့် သဇင်ညှာ ♣!!!
$
0
0
!!! ♣ ပန်းဗေဒါ နှင့် သဇင်ညှာ ♣!!!
နွေမိုးပြောင်း ၊ တဖန်ဆောင်း
နှင်းမြူဝေ ၊ ရနံသင်း
ငွေသဇင် ၊ လှအဆင်း
သင်းကြူရနံ
အဆင်းချု ၊ မက်ပါလို့ 
ပင်ခေါင်ယံ ၊ ဂေါ်သဇင်
လှမ်းမဝင့်နိုင်ဘူးထင် ။ ။
မလှမ်းသာ ၊ ပင်ယံပန်းကိုမှ
ရင်စခန်းမှာ ၊ ခိုဝင်မှေးစေတော့
မိုက်ပါပေါ့လေ ။  ။
မေ့ဖျောက် ၊  မဖြေသာ
တွေးကြောက်ကာ ၊ ဝေးခွါမုန်းလေမလား
အခြေမတူ ၊ နှစ်ကိုယ်ဘဝမို့ 
နေပူပူ ၊ ဘဝလမ်းမှာဖြင့်
ခြေမထူ ၊ သဇင်ညှာမင်းရယ်က
အမြင့်ရယ်စံ ၊ ပင်ယံနန်းမှာလ
ခက်ညွန့် ဖြာယံ ၊ဝင့်ထယ်တင့်ပေလှ
ပြိုင်မမှီ ၊ စံနေပန်းပေမို့ 
မြတ်နိုးသော် ၊ တမ်းတမှန်းရော်လည်း
တန်းဖိုးနော် ၊ ချေမဖြတ်နိုင်ပေါ့
မိုးခေါင်ယံ ၊ ပင်ယံထက်မှာဖြင့်
ပြစ်ကင်းစွာနင် ၊ နေရစ်ပေတော့
ချစ်တဲ့သဇင်ညှာ ။ ။
နေလေပေါ့ ၊ သဇင်ညှာ
မောင့်ဘဝလည်း ၊ ဗေဒါပမာ
မျောချင်တိုင်းမျော
ပေါချင်တိုင်းပေါ
ဘယ်သောင် ၊ ဘယ်ကမ်း
ဘယ်စခန်းမှာလ
လှိုင်းပုတ်ကာဖြင့် ၊ တင်ကျန်ရစ်လေမလဲ
ပန်းဗေဒါ နှင့် သဇင်ညှာ
နေလေပေါ့ ကမ္ဘာခြားပါဘိ
အမြင့်ရယ်စံ ၊ ပင်ယံနန်းမှာလ
တင့်တယ်စွာနင် ၊ နေရစ်ပေတော့
ချစ်တဲ့သဇင်ညှာ ။ ။
** နီယွန် ** ကိုယ်တိုင်ရေး ကဗျာ
   12:35...
Viewing all articles
Browse latest Browse all 191
Trending Articles