Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all articles
Browse latest Browse all 191

♥ ♥ မုန်းမှာမေ့မှာ စိုးရိမ်ခါ ♥ ♥

$
0
0

               ♥ ♥ မုန်းမှာမေ့မှာ စိုးရိမ်ခါ ♥ ♥

Graphic Comments
Graphic Comments

နှင်းနှယ်နုနု ၊ ငွေ့ ရည်စုသို့ ၊ 

ဖွးဖြူ ဖြိုးဖြောက် ၊ ချစ်ပန်းဝတ်မှုံ ၊

သင်းသိုသိပ်သိပ် ၊ တိတ်တဆိတ်မို့ ၊

ရင်ရာရင့်ရင့် ၊ သဲပလ္လင်ထက် ၊

ခွင့်ခွါခက်ခက် ၊ မေ့မရက်လို့ ၊

 ချစ်ခွင့်ခါခါ ၊ ကြုံလိုပါ၏ ၊။

သံသာသင်းသင်း ၊ ငါ့ရင်တွင်းမှာ ၊

ခွန်းချိုခခ ၊ ပဲ့တင်ရမို့ ၊

နုနယ်နီနွေး ၊ နှုတ်လွှာလေးမှ ၊

ပြေပြစ်ပျော့ပြောင်း ၊ နွဲ့ နွဲ့ နှောင်းကို ၊

တမ်းတမ်းတတ ၊ မေ့မရခဲ့ ၊။

ဝေးဝေးဝို့ ဝါး ၊ ရေမြေခြားမို့ ၊

ရော်ရည်ရွက်ရင့် ၊ မြေသက်ရွက်ကြွေ ၊ 

နွမ်းနည့်နည့်နှင့် ၊ နေခခဲ့ပြန် ၊

စိမ်းစိမ်းစိုစို ၊ အရင်ဟိုတုန်း ၊

ပင်ပျိုပွင့်ပန်း ၊ လေဝှေ့ ရမ်းရော် ၊

ညိုးညိုးညစ်ညမ်း ၊ လေသရမ်း၍ ၊

ကြွေကျကြွေကာ ၊ မြေခရှာပြန် ၊

မုန်းမုန်းမေမေ့ ၊ ရှောင်ခွါမေ့လို့ ၊ 

ပြိုပျက်ပြက်ပြယ် ၊ သစ္စာဖယ်မှာ ၊

မှန်းမျှော်မဲ့မို့ ၊ စကားဆိုတိမ်း ၊

 မုန်းမှာမေ့မှာ ၊ စိုးရိမ်ခါပင် ဖြစ်ရပြန် ။


ကဗျာအမျိုးအစား ။   ။ ပုလဲတစ်တန့် ၊ သန္တာတစ်တန့် 

ရှင်မဟာရဋ္ဌသာရ ၏ ကဗျာရေးနည်းလေးကို ကြိုးစားရေးဖွဲ့ ခဲ့ပါတယ် ။...


Viewing all articles
Browse latest Browse all 191

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း