လူ့ ဘုံလောက ... ခဏဧည့်သည်
တဏှာနယ်၌ ..... ရေလိုက်ငါးလိုက်
နေလိုက်သွားလိုက် .... မအားမလပ်
အမှားဘက်ကျွံ ..... အတ္တနွံဝယ်
ကုန်လွန်တိုက်စား.... ဇရာပါးလွှာ
တရားမှန်မေ့ .... တစ်ရွေ့ရွေ့ဖြင့်
သေနေ့ နီးကပ် ... နှုတ်ဆက်လူ့ ရွာ
သံသရာထဲ .... ဘယ်ကိုလဲ ကွယ်
ငါလည်းမထူး ... လက်ပစ်ကူးသူ
နင့်လိုလူ ပေါ့ .....................၊
ပေါ့လျော့အသိ .... ကိလေသာ မှာ
သူသူ ငါငါ ..... ဥာဏ်မပါက
အိမ်ယာအမှန် .... တစ်ဖန်ပြန်လှည့်
ခံကွယ့် မလွဲ .... လွှဲဖယ်မရ
အိုဘယ့်လူသား .... ခရီးသွားတို့ 
ကိုယ့်ဖို့ တရား .... ချို့တဲ့ငြားက
သူများအိမ်ယာ ... မဟုတ်ပါရ
ထာဝရ ကွယ် ... အပါယ် ငရဲ
မလွဲဧကန် .... မြဲမြံ ထာဝရ
ပိုင်စားရမည့် ... သတ္တလောက
ဓမ္မ တည်း ။။။
ၶ
တဏှာနယ်၌ ..... ရေလိုက်ငါးလိုက်
နေလိုက်သွားလိုက် .... မအားမလပ်
အမှားဘက်ကျွံ ..... အတ္တနွံဝယ်
ကုန်လွန်တိုက်စား.... ဇရာပါးလွှာ
တရားမှန်မေ့ .... တစ်ရွေ့ရွေ့ဖြင့်
သေနေ့ နီးကပ် ... နှုတ်ဆက်လူ့ ရွာ
သံသရာထဲ .... ဘယ်ကိုလဲ ကွယ်
ငါလည်းမထူး ... လက်ပစ်ကူးသူ
နင့်လိုလူ ပေါ့ .....................၊
ပေါ့လျော့အသိ .... ကိလေသာ မှာ
သူသူ ငါငါ ..... ဥာဏ်မပါက
အိမ်ယာအမှန် .... တစ်ဖန်ပြန်လှည့်
ခံကွယ့် မလွဲ .... လွှဲဖယ်မရ
အိုဘယ့်လူသား .... ခရီးသွားတို့ 
ကိုယ့်ဖို့ တရား .... ချို့တဲ့ငြားက
သူများအိမ်ယာ ... မဟုတ်ပါရ
ထာဝရ ကွယ် ... အပါယ် ငရဲ
မလွဲဧကန် .... မြဲမြံ ထာဝရ
ပိုင်စားရမည့် ... သတ္တလောက
ဓမ္မ တည်း ။။။
ၶ