
Viva ဆိုင်ကယ် အနက်ကလေးမို့ ဈေးကလေးရှေ့ကို ငြိမ့်ခနဲထိုးရပ်လာပြီဆို နီးနားဝန်းကျင်မှာ ရှိသမျှလူအားလုံးဟာ လည်ပြန်ပြီးတော့ကို ငေးလိုက်မိကြတော့တာ။ ချမ်းသာတာ၊ မချမ်းသာတာ အပထားလို့ Viva စီးတဲ့သူက ဒီမြို့ကလေးမှာ လက်ချိုးရေတွက်လို့တောင် ရနိုင်နေတာကိုး။ မိမိမော်ရဲ့ ယောက်ျားက သူ့ဆိုင်ကယ်ကို ဘယ်လောက်တောင် သ,ထားသလဲတော့ မမေးနဲ့။ ဆိုင်ကယ်အနက်ကလေးဟာ ဘယ်အချိန်ကြည့်ကြည့် စိုလက်တောက်ပနေတာပဲ။ ဖုံစတစ်စက်တစ်လေ ကပ်ငြိတင်ကျန် နေတယ်လို့ကို မထင်ရဘူး။ စက်သံကလည်း ညက်သလား မမေးနဲ့။ ငြိမ့်ကနဲ အနားရောက်လာမှ အံသြတကြီး ငေးမေ့မတတ် ဖြစ်ရတော့တာ။ တစ်ချို့ ရှားရှားပါးပါးနေ့တွေမှာတော့ လင်ကိုယ်မယားနှစ်ယောက် ရောက်လာရတတ်တယ်။ ယောက်ျားက ရှေ့ကမောင်းလို့။ မိမိမော်က နောက်မှာ ပုံ့ပုံ့ခန့်ခန့်ကြီးထိုင်လိုက်လို့ပါ။ မိမိမော်လည်း တစ်ခါတစ်လေတော့ ...