
နေကြာရိုင်းတွေက
လေလာတိုင်းယိမ်းနွဲ့ 
နှင်းဖွဲ့ ရာသီဦး
တစ်တောင်လုံးဝေ
တစ်တောလုံးငုံဖူး
နေခြည်နုရယ်အောက်
ဝင်းတောက်လို့ ထိန်
အ၀ါရောင်လှိုင်းလိုပ
နေရာတိုင်းမှာပွင့်
ပန်းမျိုးစုံရာသီဦး
ဖူးပွင့်လို့ ဝေေ၀
ချမ်းခိုက်လို့ နေ
မောတို့ မြေဌာနေထူး
မီးစာလှုံစောင်ခြုံမနွေး
မောတို့ မေ..၀ါဆင်သွေးမြင်မှ
မောင့် ရင်မှာနွေး
(ပန်းတော်ဆက်)
Tags: ပန်းတော်ဆက်, ကဗျာ