Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all articles
Browse latest Browse all 191

လွမ်းနေဦးမယ့် ဒီဇင်ဘာ ` cmk ´

$
0
0




http://brian.sol1.net/denmark/pictures/cold-street.jpg




လွမ်းနေဦးမယ့် ဒီဇင်ဘာ



ပြင်ပဆက်သွယ်ရေး မရှိတဲ့

မိသားစုထမင်းဝိုင်းလေးက

အပေါ့ အငံ  မမျှတဘူး ။


နေ့မြင် ညပျောက်

သင်္ခါရဆောင်တဲ့

ရာသီဥတုကလည်း  မမျှတဘူး ။


အပူမဲ့စွာ အိပ်စက်နေတဲ့

ကလေးများရဲ့ ကစားဝိုင်းထဲ

နှူကလီးယားတွေ ပြိုကျ ...

ဥဒဟိုစီးနေတဲ့

ဝဋ်ကြွေးဆပ် ရေမြောင်းများက

အမှတ်တမဲ့  စုပုံပိတ်ဆို့သွား ...

လမ်းကြို လမ်းကြားထဲက

မေတ္တာတရားတွေ

ပေါ်လာလိုက်  ပျောက်သွားလိုက် . . . ။


ငါ့ရဲ့ စားဝတ်နေရေးတွေ  ခဏရပ်၊

ရာသီဆိုးတွေ  ခဏရပ်၊

ဗုံးသံအမြှောက်သံတွေ  ခဏရပ်၊

လမ်းကြမ်းတဲ့ မေတ္တာတရားတို့  ခဏရပ်၊


နှင်းစိုစို လမ်းမပေါ်က

အ၀ါရောင် ဂျင်းလက်ရှည်နဲ့ ချစ်သူကို

ညချမ်းတစ်ခုထဲမှာ  လှမ်း, မျှော်, ငေးနေခဲ့



ငါ ...,

ဒီဆောင်းမှာလည်း  လွမ်းလိုက်ဦးမယ် . . . . . ။           ။



လေးစားခင်မင်လျှက် - ဇင်မင်းကို ` ၀ဿန်မြေ ´

( 9 . 12 . 2011 )


Viewing all articles
Browse latest Browse all 191

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း