ကြယ်ကြွေ အလွမ်း
ဖြစ်ပြီးရင် ပျက်
ပျက်ပြီးရင် ပြန်ဖြစ် ၊
ငါ့ရဲ့ အဖြစ်ကတော့
ပျက်ပြီးရင် ပြန်မဖြစ်တော့ ...
လန့်ပြီး ထခုန်မိရင်တောင် ပြန်မကျ၊
ကောက်စရာ မလိုအောင်လည်း ဘာမှမရှိ ။
စက်ပျက်သွားရင် လမ်းပေါ်ကန့်လန့်
အတောင်ကျိုးရင် မြေပေါ်ပက်လက်
ရေလိုက်မှားသွားရင် ကမ်းမကပ်နိုင်ပဲ ဒိုက်ပေါ်တင်ကျန်ရစ် ...
နတ္တိဆိုတာတွေက ဆည်ကန်သင်းထဲကရေလို
အပြည့်အလျှံနဲ့ ကြွယ်ဝလိုက်တာများ
တစ်သက်စာ ဖြုန်းမကုန်နိုင်ခဲ့ ။
ချက်ကြိုးတန်းလန်းနဲ့ 
အသံကုန်ဟစ်ပြီးတည်းက ဘာမှပါမလာခဲ့တာပဲ ...
ကြယ်တစ်စင်းရဲ့ အပြန်ခရီးမှာလည်း
ဘာမှ ပါမသွားခဲ့တာ မလွမ်းတော့ပါဘူး . . . ။ ။
လေးစားခင်မင်လျှက် - ဇင်မင်းကို ` ၀ဿန်မြေ ´
( 8. 1 . 2012 )