Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all 191 articles
Browse latest View live

ညီမလေးသို့ပေးစာ

$
0
0
  1. ညီမလေးသို့ပေးစာ
  2. ညီမလေးရေ
  3. ရတနာသုံးပါးကိုလည်းမမေ့နဲ့
  4. ဆရာမိဘကိုလည်းမပြစ်မှားနဲ့
  5. ရတနာသုံးပါးကိုမေ့က
  6. အပါယ်လားတက်သည်။
  7. ဆရာမိဘကိုပြစ်မှားမိက
  8. ဆင်းရဲဒုက္ခတွေ့လိမ့်မည်။
  9. ညီမလေးရေ..
  10. စကတ်တိုတိုကိုလည်းမ၀တ်နဲ့
  11. တချောင်းအင်္ကျီကိုလည်းမ၀တ်နဲ့
  12. စကတ်တိုတိုဝတ်က
  13. ကာတွန်းဆရာတို့လက်ချက်မိတက်သည်။
  14. တချောင်းအင်္ကျီဝတ်မိက
  15. မတော်တဆကြိုးပြတ်ကြရ်ျ အရှက်ကွဲတက်သည်။
  16. ညီမလေးရေ...
  17. shopingကိုလည်းခဏခဏမသွားနဲ့
  18. chatingကိုလည်းခဏခဏမထိုင်နဲ့
  19. shopingကိုခဏခဏသွားက
  20. ဗုံးပေါက်ကွဲတက်သည်
  21. chatingကိုခဏခဏထိုင်က
  22. အသဲပက်လက်ကွဲတက်သည်။
  23. ညီမလေးရေ..
  24. ကြပ်သောလိုင်းကားကိုလည်းမစီးနဲ့
  25. ပြတ်သောဘတ်စ်ကားကိုလည်းမစီးနဲ့
  26. ကြပ်သောလိုင်းကားကိုစီးမိက
  27. မသာမာလူတစ်စုနှင့်တိုးတက်သည်.
  28. ပြတ်သောဘတ်စ်ကားကိုစီးမိက
  29. အလုပ်ခွင်တွင်နှောင်နှေးတက်သည်။
  30. ညီမလေးရေ...
  31. သတိကိုလည်းမမေ့နဲ့
  32. ကတိကိုလည်းမမေ့နဲ့
  33. သတိကိုမေ့က
  34. အမှားအယွင်းများဖြစ်တက်သည်။
  35. ကတိကိုမေ့က
  36. လူမုန်းခံရတက်သည်။
  37. ညိမလေးရေ..
  38. ၀တ်မှုန်ရွှေရည်ကိုလည်းအားမကြနဲ့
  39. ချမ်းချမ်းကိုလည်းအားမကြနဲ့
  40. ၀တ်မှုန်ရွှေရည်အားကြမိက
  41. စိတ်အားငယ်တက်သည်။
  42. ချမ်းချမ်းကိုအားကြမိက
  43. အသံဝင်တက်သည်။
  44. ညီမလေးရေ...
  45. ကဗျာဆရာကိုလည်းမပေါင်းသင်းနဲ့
  46. ဘလော့ဂါကိုလည်းမပေါင်းသင်းနဲ့
  47. ကဗျာဆရာကိုပေါင်းသင်းမိက
  48. လက်ဖက်ရည်ဘိုးရှင်းရမည်။
  49. ဘလော့ဂါကိုပေ...

မီး အမှတ်(၅၂၈)

$
0
0
 မီး အမှတ်(၅၂၈)

ဝီး..၀ီး…..၀ီး…...

ယင်ကောင်တွေများပြား

အညှီတွေထားသွားကြတယ်။

ကဲ……..ရှင်မရေ

နင်မထသေးဘူးလား? ။ ။ သက်မင်း ၈.၁၀.၂၀၁၁

:: ဒီရေ ::

$
0
0


ကြယ်ရှူးကြယ်ပျောက်များအောက်

ချစ်သူစပါယ်ခင်းလေး သူ့ကို စောင့်နေသလိုပ

အမောတကောပြေးဝင် ပြန်ချိန်မတိုင်ခင် တွေ့ကြမယ်လေ

လေမှာစီးပျံ့လေသော လှိုင်းကြက်ခွပ်ဂီတသံကို သယ်ဆောင်ရင်း

ပန်းလှေလေးတွေ မျှောကာ မျှောကာ … လာ။

 

ဟိုး … အဝေးဆီမှ တောင်စွယ်တောင်တန်းများရဲ့ အရိပ်လည်း

မြေဆီသို့ ခယညွှတ်တွားတုန်းပါပဲကွယ်

ဒါပေမယ့် ပြန်ချိန်တန်လာခဲ့ပြီမို့

စပါယ်ခင်းလေးနဲ့ ယို့ယိမ်းခွဲခွာ ခဏတာဝေးကြဦးစို့

ပန်းလှေလေးတွေ မျှောကာ မျှောကာ … ပြန်။

 

ကိုကြည်နိုင်


သတိရပါတယ်

$
0
0
သတိရပါတယ်


ဒီလိုတေးနဲ့
ဒီလိုလွမ်းတော့
ဟောဒီအနမ်းသစ်ပင်က
ဘာမှမလုပ်ရပါပဲ
အရွက်တွေလှုပ်ခတ်လို့   ............ ။


စိုးပိုင်ဦး

မူရင်းလင့်ကဒီနေရာမှာပါ

လယ်သူမလေးရဲ့ ညတစ်ခင်း

$
0
0



စပါးပင်အလှုပ်အယိမ်းများကြား

ဆိတ်ဖလူးပင်လေး နှင်းရည်စွတ်စို

အရုဏ်ဦးမှာ ပွင့်မည့်ပန်းတို့လည်း

နောက် တစ်မနက်ခင်းမှာ

နေ ရွှေခြည်မျှင်ထဲသို့ တိုးဝင်နိုင်ရန်

မှေးစက်အနားယူနေကြလေပြီ။

 

ကြည့်စမ်းပါ့ကွယ်

လမင်းကို လမင်းအတိုင်းမြင်ရတဲ့ည

ကြယ်တွေတောင်မှ တစ်ပွင့်ချင်း တစ်ပွင့်ချင်းလေး

လင်းရှင်းဖိတ်လဲ့နေလိုက်တာ

ကြယ်စုံ လစုံနဲ့ ရင်ခုန်စရာကောင်းလှတဲ့ဒီည။

 

လယ်တောအိမ်ဘေး ချောင်းကလေးတောင်မှ

မျက်လွှာကိုချ၊ သာသာငြိမ့်ငြိမ့်စီးနေပြီလေကွယ်

ညဥ့်ငှက်တို့ရေ …

လယ်သူမလေးအိပ်မက် မပျက်ပါစေနဲ့

သန်းခေါင်ယံကိုစောင့်ကြပ် အလင်းနတ်သမီးငဲ့

သူမ ..

လရောင်တစ်လင်းစာ အမောဖြေနိုင်ဖို့

စောင်းကြိုးသံနဲ့ထွေးပွေ့ နွေးထွေးခွင့်ပေးလှဲ့ပါ။

 

 

ကိုကြည်နိုင်

(7th. Jan. 2012/ 02:30 AM)

ကြယ်ကြွေ အလွမ်း

$
0
0



ကြယ်ကြွေ အလွမ်း




ဖြစ်ပြီးရင်  ပျက်

ပျက်ပြီးရင်  ပြန်ဖြစ် ၊

ငါ့ရဲ့  အဖြစ်ကတော့

ပျက်ပြီးရင် ပြန်မဖြစ်တော့ ... 


လန့်ပြီး ထခုန်မိရင်တောင်  ပြန်မကျ၊

ကောက်စရာ  မလိုအောင်လည်း ဘာမှမရှိ ။


စက်ပျက်သွားရင်  လမ်းပေါ်ကန့်လန့်

အတောင်ကျိုးရင်  မြေပေါ်ပက်လက်

ရေလိုက်မှားသွားရင်  ကမ်းမကပ်နိုင်ပဲ  ဒိုက်ပေါ်တင်ကျန်ရစ် ...


နတ္တိဆိုတာတွေက  ဆည်ကန်သင်းထဲကရေလို

အပြည့်အလျှံနဲ့  ကြွယ်ဝလိုက်တာများ

တစ်သက်စာ ဖြုန်းမကုန်နိုင်ခဲ့ ။


ချက်ကြိုးတန်းလန်းနဲ့ 

အသံကုန်ဟစ်ပြီးတည်းက  ဘာမှပါမလာခဲ့တာပဲ ...

ကြယ်တစ်စင်းရဲ့ အပြန်ခရီးမှာလည်း

ဘာမှ ပါမသွားခဲ့တာ  မလွမ်းတော့ပါဘူး . . . ။      ။



လေးစားခင်မင်လျှက် - ဇင်မင်းကို  ` ၀ဿန်မြေ ´

( 8. 1 . 2012 )

MMG ရောသမမွှေကဗျာကောင်း

$
0
0
ဟော ဟိုမှာ...တိမ်တွေပြုံးနေတာ  မြင်လား  မြင်လား
အပြင်မှာ   မိုးတွေရွာနေပြီလေ
အလွမ်းတွေ  ရွှဲရွှဲစိုလို့
မင်း ချမ်းနေရှာရော့မယ်။    ။
မြွေမသေတုတ်မကျိုး
အဖြစ်မျိုးတွေနဲ့
မင်းရစ်ပါတ်ထားတဲ့သံယောဇဉ်မှာ
ဖားအော်သံကို  စည်းဝါးလိုက်ပြီး
မင်းရဲ့အလွမ်း ရင့်စိတ်နဲ့
ကြိုးညှိထားတဲ့ ဂစ်တာကို
ငါကသတိရခြင်းတွေနဲ့   တီးခတ်ကြည့်တော့
သီချင်းထဲကပြောချင်တဲ့ တေးသွား
ချစ်သူရဲ့စည်းချက်ကျကျစကားသံတွေနဲ့
စိုင်းထီးဆိုင်  သီချင်းထဲကလိုပဲ
အပူပင်ကင်းတဲ့  ကလေးလေးဘ၀ကို
ဲပြန်လွမ်းရမလား
အစပြီးခဲ့တဲ့  အဆုံးမှာ
ပျော်ရွှင်မှုတွေပေးမှာလား
ပေးဆပ်မှုတွေ
အပြန်အလှန်  နားလည်မှုတွေ
ချစ်ခြင်းတွေနဲ့  တို့နေထိုင်ဖို့
တရားပါတယ်  မတရားပါတယ်လို့
ထပ်ငြင်းအုံးမလို့လား
သံသယ  ကွဲပြားမှုကို
တွဲစပ်စေနိုင်တဲ့
ယုံကြည်မှုအခြေခံနဲ့
ဆိုးတူကောင်းဖက်
ကိုင်းကျွန်းမှီ  ကျွန်းကိုင်းမှီ
အေးအတူပူအမျှ
နှစ်ဦးသားညတွေပဲ
ပြန်လွမ်းရမလား
ဟော  ဟိုမှာ..တိမ်တွေမဲ့နေတာမြင်လား  မြင်လား
အပြင်မှာမိုးတွေရွာနေပြီလေ 
ဒီအချိန်ဆို
အလွမ်းတွေရွှဲရွှဲလို့
မင်းချမ်းနေရှာရော့မယ်။    ။
 
&nbs...

*** ခရေ ***

$
0
0

ပင်စည်မရှိတဲ့ ကြယ်တွေတောင် ကြွေကြွေကျနေမှတော့

သူလည်းပဲ ဖွေးဖွေးဖျဖျ ကြွေတော့တာပေါ့။

 

ကျောက်စွယ် ကျောက်သား တောင်ကမ်းပါးယံတို့က

ရင်အကွဲခံပြီး လမ်းကြောင်းဖွင့်ပေးလို့

စမ်းချောင်းလေးစီးနိုင်တာကို ၀ဋ်ကြွေးလို့ မမှတ်သလိုမျိုး

ကျစ်ဆံမြီးလေးကျစ်ပြီး ကျောဘက်ချချထားလေတော့

သူ့အလှသူ မြင်ခွင့်မရပေမယ့် ကျေနပ်နေသလိုမျိုးပေါ့။

 

သူ့ဝိဉာဉ်အကြွေတွေကို တစ်ရာသီလုံးမှာမှ တစ်ယောက်

အသေအချာကောက်ယူ၊ ပင့်သက်တစ်ရှူစာလောက် နမ်းရှိုက်ခဲ့ရင်ပဲ

ကျေနပ်တယ်။

 

နှစ်စက္ကန့်အနမ်းရဲ့ ဟိုး …. အတွင်းဖက်ကျကျမှာ

သူ့အပေါ်ချစ်တဲ့စိတ် တိတ်တိတ်လေး မြင်လိုက်ရပြီးနောက်

တစ်ဘ၀လုံး အနင်းခံ၊ ပင်မြင့်မှာ မစံရပေမယ့်

သူ … ကျေနပ်တယ်။ ကျေနပ်ပါတယ်။

 

ကိုကြည်နိုင်

8th. Jan. 2012


ကြယ်မှုံတစ်ပွင့်၏ တောက်ပခန်း

$
0
0



 ကြယ်မှုံတစ်ပွင့်၏ တောက်ပခန်း




ကောင်းကင်ယံမှာ

ကြယ်ကလေးတွေ  တစ်ဖျတ်ဖျတ်တောက်ပ၊

ငါ လျှောက်နေတဲ့

ကမ်းခြေတလျှောက်မှာ

ညနေခင်းတွေက

လှိုင်းလေးတွေလို  ဆတ်ဆတ်ခါ ကူးယှက်နေခဲ့ ။


ငါ့ မျက်ဝန်းထဲမှာ

နှင်းမှုံတွေလား ... ပန်းကလေးတွေလား ၊

ဆန်းကြယ်တဲ့  စိတ်ခံစားမှုနဲ့

ကြယ်ကလေးတွေလို  ငိုကြွေးနေတဲ့

နှူးညံ့သိမ်မွေ့မှု  မျက်ရည်လေးတွေ ။


အချစ်ဆိုတဲ့  အရိပ်ကို

ဘယ်လို ကျမ်းအစောင်စောင်မှာ ဖတ်ပြီးနားလည်ရမှာလည်း ...

အရပ်မျက်နှာတိုင်းမှာ ရှိတဲ့

လင်းလက်တောက်ပတဲ့  ကြယ်စင်တွေကြား

ငါဟာ . . .

မတောက်မပတဲ့ ကြယ်တစ်စင်းလို ...

လျှို့ဝှက်နက်နဲစွာ  ခမ်းနားနေလိုက်တာများ

ငါ့ အလင်းတစ်စကို

ငါ့ဘာသာပဲ  ပြန်မြင်နေတော့တယ် . . . ။         ။


ကိုယ့်ရဲ့အရေးအသား အားနည်းမှုကြောင့် မဟေ မာတီမှာ ပို့စ်မတင်ဖြစ်ခဲ့တာကြာခဲ့ပါပြီ ...

 မဟေ့ဆိုဒ်လေးကို

အပင်ပန်းခံပြီး စိတ်အားထက်သန်စွာတည်ထောင်ပေးတဲ့ ကိုကြည်နိုင် ( ကြုံတိုင်းရွာ ) ကို

အရမ်းပဲ အားနာနေမိပါတယ် ......

ကြည့်ချင်ပွဲ

$
0
0


ခပ်တည်တည်ပဲ...။
ဦးထုပ်နက်နက် ဆောင်းထားတယ်။ဝတ်စုံအနက် ထက်အောက်ဆင်ယင်လို့လူကြီးလူကောင်းစတိုင်လ် အပြည့်ဖမ်းထားတယ်။လည်တိုင်က လိပ်ပြာပုံ ဖဲပြားဖြူလေးကတော့ရွဲ့စောင်းနေလေရဲ့ဒါပေမယ့် ကြည့်နိုင်မှ မြင်ရလိမ့်မယ်။မျက်မှန် နှစ်ထပ် တပ်ထားတာလည်း ထူးခြားတယ်။
ခပ်တည်တည်ပဲ...။ဖြူလွသန့်စင်ထင်ရတဲ့ လက်ကိုင်ပုဝါ တစ်ထည်ဦးထုပ်နက်အတွင်းထဲ.....ရွရွကလေး ပစ်ချပြတယ်။ပြီးတော့...လက်အိတ်နက် လက်တွေကို လှပစွာ ဝေ့၀ိုက်ပြောင်းနွဲ့ကစားလိုက်တယ်။
ခပ်တည်တည်ပဲ...။ချောင်းတစ်ချက် ဟန့်တယ်။"အဟမ်း..."(လည်ချောင်းထဲမှာ အမြဲတစေခဲကျပ်ပိတ်ဆို့နေပုံ ရတယ်)
ခပ်တည်တည်ပဲ...။မျက်တောင် မခတ်ကြပါနဲ့။နားရွက်တောင် မလှုပ်လိုက်မိစေနဲ့။ဆူညံသံတွေ သော့ပိတ်ပေးပါ။ကျေးဇူးပြု၍...ငြိမ်ပါ...။ ရှုလှည့်ပါ။မျက်စေ့တစ်မှိတ်၊ လက်ဖျစ်တစ်တွက်အတွင်းမှာပြေးလာထွက်ပျံကောင်းကင်တိမ်ယံထက်မှာငှက်ချိုးရွှေဖြူ ကူလိမ့်နိုး...။
တစ်စက္ကန့်...တစ်မိနစ်...တစ်နာရီ...............ဟော... တစ်ရာသီ.....................
ငေးငေးမေ့မေ့မော့မယ့်သာမော့နေမိကြတာတကယ့် ဇာတ်လိုက် ကဘယ်ဆီရွာရိုးသဝေထိုးနေသလဲ မသိ။ခုထိကို....လက်ခုပ်သံ မကြားရသေးဘူး။       ။
  &nb...

ရင်မောဟိုက္ကူ

$
0
0
်For    Your    Loven   One
Should    Not   Be     Given  A   Long  
Time    Of      Expection.

အချစ်  အတွက်နဲ့
သူများကို    ချိုန်အို မျှော်လင့်
ပေးမထားသင့်ဘူး။      ။
                                      ကိုကွေကာ

အေးစက်စက်နိုင်ငံရေးသမား

$
0
0
“အေးစက်စက်နိုင်ငံရေးသမား”
အရေးကြုံရင် တုံးခေါက်
အရောက် မလာရင် လည်ဖြတ်ပါ
အဲ့လောက်ထက်
နိုင်ငံနဲ့လူမျိုး ငါချစ်မြတ်နိုးပါတယ်
ဘုရား၊တရား၊သံဏာ
မိဘနဲ့ဆရာကလွဲရင်း
ဘယ်သူမျိုးမှ ငါရှစ်မခိုးဘူး
အတ္တာဟိ အတ္တာနေား နာထေား ကလွဲရင်
ဘယ်နိုင်ငံရေးသမားမှ ငါမယုံကြည်ဘူး
ဆင်းချင်ရင်ဆင်း တက်ချင်ရင်တက်
ဘယ်သူအမြတ်ထွက်ထွက်
ငါ့အတွက်က နေတက်သလိုပဲနေချင်တယ်။ ။သက်မင်း

ကျွန်တော့်ခံစာချက်လေးပါ  ဝေဖန်မှုကို  ထာဝစဉ်  အလေးထားလျှက် မောင်သက်မင်း

အရွယ်များနှင့်လက်ထပ်ခြင်း

$
0
0
တစ်..
ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့
ဖိုးရွှေလမင်းဆီကတောင်းခဲ့တဲ့အချိန်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင်အုန်းသီခွဲကျွေးမယ်..တဲ့
အမတွေချော့ သိပ်လို့ အငိုတိတ်ခဲ့ဘူးတယ်။
နှစ်.....
ပြိုင်ပွဲဝင်မြင်းတစ်ကောင်လို
အမှားအယွင်းတွေနဲ့
လက်ထပ်လိုက် ကွာရှင်းလိုက်နဲ့
ရုံးရောက်တဲ့အကြိမ်တွေကလဲ
အိမ်ဦးနဲ့ ကြမ်းပြင်လိုပဲ။
သုံး....
ရိုးသားမှု့နဲ့လက်ထပ်လို့ 
သိက္ခာတရားအတွက်လမ်းလျောက်
ပတ်ဝန်းကျင်ရဲ့မျက်လုံးအောက်မှာ
သမုဒြာဝမ်းတထွာအတွက်
ရာသီဥတုသုံးပါးဟာသူ့ အတွက်တော့
ထီးတစ်ချောင်းလားလို့ အောက်မေ့
လေး....
နောင်တတရားတွေနဲ့ လက်ထပ်လိုက်တယ်
နောက်ကျခြေလှမ်းတွေကို
ကျောခိုင်းသွားတဲ့ကျောပြင်ကိုကြည့်ပြီး
ဆုပ် တသသနဲ့ လွမ်းဆွေးနေခဲ့တယ်။
ငါး...
မြေးတွေနဲ့ မြစ်တွေနဲ့ လက်ထပ်ပြီး
အမတွေချော့သိပ်ခဲ့တဲ့တေးဟောင်းတွေကို
ပြန်လည်ငြီးတွားရင်း....
ကလေးချော့တေးတွေကို
စင်မြင့်ပေါ်မှာသီဆိုပြနေရတယ်။
ခြောက်..
ရွှေဝါရောင်အ၀တ်တွေနဲ့ လက်ထပ်ခဲ့ပြီး
တောင်ဝှေးကိုထောက် ပုတီးကိုစွဲ
အမှားတွေအတွက်ဝန်ချ
မျက်ရည်ကျခဲ့တယ်။
ခုနှစ်...
ဇရာနဲ့လက်ထပ်လက်ထပ်လို့
သေမင်းရဲ့ရှေ့ပြေးလမ်းပြက
အသေအလဲထိုးသတ်ချိန်
လူငယ်တွေကိုတရားချ
ရှစ်....
သေမင်းနဲ့လက်ထပ်လိုက်တယ်
မီးခိုးတွေအဖြစ...

စွယ်တော်

$
0
0

ကွယ် …  …

စကြ၀ဠာအနန္တမှာ အဘယ်သစ္စာတရားတွေကများ သူ့လောက်ခမ်းနားဖူးပါသလဲ

တစ်ရိုးတစ်ညှာ နှစ်လွှာတစ်ရွက်

သံသရာအဆက်ဆက်က ပန္နက်ခဲ့လေသောအက္ခရာ

ကမ္ဘာဦးမှာလည်း သူတို့တွေ ဖူးခဲ့ကြပါလိမ့်မယ်

ဒီမြေကြီးသုဉ်းမယ့်နေ့ထိ သူတို့ရှိနေလိမ့်မယ်

ယုံတယ်။

 

သို့ …  …

စွယ်တော် သိစေရန်

မေတ္တာတရားဖြင့် ထုံမွှမ်းဖွဲ့တည်လေသော တမန်တော်

သစ္စာတရား၏ အမှတ်တံဆိပ်အဖြစ်ခတ်နှိပ်

သင်၏သမိုင်း

စကြ၀ဠာတံတိုင်း၌  မြဲစေ ….  … ။

 

ကိုကြည်နိုင်

သစ္စာပန်းတစ်ပွင့်ရဲ့ နေ၀င်ချိန်

$
0
0







သစ္စာပန်းတစ်ပွင့်ရဲ့ နေ၀င်ချိန်




အားတင်းထားပါ ချစ်သူ . . .

အပူရောင်  အပြင်းစားတို့ ကုန်ခမ်းရာ

နှလုံးသားရဲ့  အေးငြိမ်းတဲ့ သစ်ရိပ်စခန်းအရောက်

တို့တွေလျှောက်ကြတာပေါ့ ။


အားတင်းထားပါ ချစ်သူ . . .

စိုးရိမ်ထိတ်လန့်မှုတွေနဲ့

နွမ်းလျှနေခဲ့ရင် ...

ငါ့ရဲ့ အကြင်နာလက်တွေဟာ  မင်းအတွက်

နူးညံ့အပန်းပြေစေတဲ့ 

စမ်းချောင်းငယ်လေး တစ်ခုပေါ့ ။


အားတင်းထားပါ ချစ်သူ . . .

မင်းလျှောက်တဲ့  လမ်းတိုင်းမှာ

ကြေကွဲပွင့်တွေ  ဝေနေပါစေ,

အနာတရနဲ့  ထိရှနေပါစေ,

ချစ်သူရေ ...

ငါ့, ရင်အစုံဟာ  မင်းအတွက်

နောက်ဆုံး ခေါင်းချလဲလျောင်းရာ

အကောင်းဆုံးသော  ငြိမ်းချမ်းနယ်မြေ

နေမ၀င်သစ္စာပန်းတွေနဲ့  လန်းလန်းဝင့်ဝင့် . . . ။          ။



လေးစားခင်မင်လျှက် - ဇင်မင်းကို ` ၀ဿန်မြေ ´

( 12 . 1 . 2012 )




အို....လူတွေ

$
0
0
                                                  အို....လူတွေ
                                                          ကြားထဲကနေသုံးသပ်
                                                          အရှုံးအမြတ်တွေတွက်နေကြ
                &...

ဘ၀ကိုဇောက်ထိုးနေချင်သူ(သို့မဟုတ်)သက်မင်း

$
0
0
ဘ၀ကိုဇောက်ထိုးနေချင်သူ(သို့မဟုတ်)သက်မင်း
                    နွေဘယ်လောက်ပူပူ
                    ရေမဆူပါဘူးတဲ့
                    တကယ်ပဲလားဟေ့ သူငယ်ချင်း။
                    ငါ့ရင်အပူ
                    ဘယ်သူကူလို့ငြိမ်းနိုင်မှာလဲ
                    မင်းငါ့အနားကိုမလာပါနဲ့
                    ငါ့ရင်မှာရေဆူနေတယ်။
    &n...

မီးရထား

$
0
0

မဆုံနိုင်ခြင်းတွေနဲ့ ထုသားပေသားကျနေရတဲ့ဘဝ

ယုတ်စွအဆုံး .. ခေါင်းပေါ်ကထွက်တဲ့ မီးခိုးငွေ့နဲ့တောင်

အရှေ့အနောက် ဆန့်ကျင် ခရီးနှင်နေရတာပါ

စကတည်းက မျဉ်းပြိုင်နှစ်ကြောင်းပေါ်ခွရပ်နေရမှတော့

ဘာနဲ့မှ၊ ဘယ်သူနဲ့မှ အပြီးတိုင်ဆုံနိုင်ခွင့်ဆိုတာကို

အိပ်မက် မမက်တော့ပါဘူး

ရိပ်ကနဲ ဆုံခဲ့ကြပြီး ဖျပ်ကနဲ ခွဲခွါရပေါင်းများလို့

ရင်နာချင်တာတောင်  လှပ်ကနဲလေး တစ်ချက်ပါပဲ။

 

ချယ်ရီတွေ ဝေနေလည်း ဝေပေါ့ကွယ်

ရပ်တန့်တွယ်မက်နေခွင့်လေးမှ မရှိလေတော့

ရိပ်ကနဲဆုံခဲ့ပြီး ဖျပ်ကနဲ ခွဲခဲ့ရတာပါပဲ။

 

မြင်ကွင်းတစ်ပြည့်စာ ၀င်းရှင်းထိန်ဝေနေတဲ့ ပိတောက်တွေကိုတောင်

ရပ်ငေးခွင့်လေးမှ မရှိခဲ့တာ

ရိပ်ကနဲ ဆုံခဲ့ပြီး ဖျပ်ကနဲ ခွဲခဲ့ရတာပါပဲ။

 

ဟိုး…  အဝေးတောင်စွယ်မှာ နေကွယ်လုပြီလေ

ပင်လယ်ဆီ ငုံ့ကိုင်းစိမ့်ဝင်တော့မယ့် နေမင်းရေ

ပြောဖြစ်အောင် ပြောပေးလှည့်ပါ

မိုးတိမ်တွေကို ထမ်းပိုးထားရတဲ့ ပင်လယ်ကြီးကလည်း

ဖ၀ါးထပ်ညီ တစ်ကောက်ကောက်မှ လိုက်မနေနိုင်တာ

ဖျပ်ကနဲသာ ဆုံဖြစ်ခဲ့ပေမယ့် ပင်လယ်ကြီးကို သတိရနေတဲ့အကြောင်း။

 

ရွှေအဆင်းနဲ့ ၀င့်ဝင့်ယိမ်းယိမ်း လယ်ကွင်းကြီးကလည်း

တစ်ဆင့်စကား ပါးပေးလှည့်ပါ

နှုတ်ဆက်လက်ပြပြီး ရပ် ရပ် ကျန်နေခဲ့ရတဲ့

...

မိမိကိုယ်မိမိ မိတ်ဆက်ခြင်း

$
0
0
“စိတ်ထဲမှာ”
ညီမလေးရေ
အပြင်မှာ နှင်းတွေကျနေတယ်
ငါ့စိတ်က ပေါ့ခွက်ဆီမှာ
ရှူစရာ မီးခြစ်က အသင့်
ငါ့မျက်လုံးက မင်းပုံရိပ်ကို ကြည့်မိနေတယ်။
ညီမလေးရေ
အပြင်မှာ နှင်းတွေကျနေဆဲပါ
ငါ့စိတ်က ပုလင်းဆီမှာ
ဖော်မြူလာဆိုတာ အသင့်
ငါ နားထဲမှာ မင်းအသံကြားမိပြန်တယ်။
ညီမလေးရေ
အပြင်မှာ နှင်းတွေဖွဲးနေတုန်းပါ
ငါ့စိတ်က လေဟာနယ်ထဲမှာ
မင်းပေးခဲ့တဲ့သံယေားဇဉ်
ပြန်လိုချင်လို့မှ မရနိုင်တော့တာ။              ။



“လက်ကျန်ရှင်းတမ်း”
ဗလာစာအုပ်အဟောင်း၁၂အုပ်(ရေးလက်စ(၁)အုပ်ပါ)နှင့်
ကျွန်တော့်ရဲ့အမွေဖြတ်ကြေငြာ
လျှောက်လွှာစာရွက်အဟောင်း၁ပိသာခွဲ
ဒိုင်ယာရီစာအုပ်“၂၀၀၁” “၂၀၁၁”နှစ်အုပ်
မိန်းမလှလှ(ကျွန်တော်အထင်)ဓါတ်ပုံ၈ပုံ(တစ်ပုံနှင့်တစ်ပုံလူမတူပါ)
ဘေားပင်း၉ချောင်း(ykkoမှဘေားပင်အပါအ၀င်)
nokia အဟောင်းတစ်လုံး(ဖုံးနံပါတ်နှင့်မက်ဆေ့ အစောင်၈၀ပါ)
ဘော်တယ်ကုလားဆီ ရောင်းထုတ်လိုက်တယ်
အောင်ပွဲခံရန်မိတ်ဆွေ အထဲကြွပါ
ဘ၀ဟာ ရေလောင်းစရာမလိုတဲ့ စိုပြေခြင်းတွေနဲ့
ရင်ထဲစီးဆင်းသွားတဲ့ ကဗျာတစ်ပုဒ်အတွက် ကျေးဇူးပါ
အရေခွံမလိုတဲ့ရပ်ဝန်းမှာ
ခင်ဗျားတို့ကျွန်တော်တို့ရင်ခုန်သံတွေနဲ့ ဆူညံနေပါရစေ ။ ။...

အမှတ် ၁၃၊ လွတ်လပ်နယ်မြေ

$
0
0


တစ်ပြန့်တစ်ပြော အပြာကြီးထဲက တိမ်ကပွဲဖွေးဖွေးသဲ့သဲ့ ၀ဲလွင့်နေပုံ ဘာနဲ့မှမငြိပဲ လှလိုက်တာ။
ဟိုမှာ ကြည့်စမ်းပါ့လေ …ငြိမ်းချမ်းရေးတမာန်တို့ တိမ်တွေကြားမှာလေဟုန်စီးကောင်းကင်ကြီးကို အုပ်မိုးထားလိုက်ကြပုံများတိမ်ကအဖြူ သူအဖြူနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိလိုက်တာ။
ရွှေမျှင်ကွန်ယက် ဖြန့်ကျက်ထားသလိုပရှင်းရှင်းလေးနဲ့ လင်းနေတဲ့ နေရောင်ခြည်ထဲမြူတစ်မှုန်တောင် နေစရာမရှိတော့သလောက်။
အို … အဆွေတို့ ရှုကြပါလော့ …
ချိုးဖြူငှက်တို့ ပျံလေပြီခေါင်းလောင်းသံတို့ ချိုလေပြီ။
နေရောင်ခြည်လည်း နွေးလေပြီပန်းတွေတိုင်းလည်း မွှေးလေပြီ။
မြားဆိပ်များလည်း ပျယ်လေပြီမျက်ကန်းတို့လည်း မြင်လေပြီ။
စည်တော် မယွန်း၊ ယာဇမတ် မကာ၊ သဲဖြူ မခင်းပဲသပြေနိမိတ်နဲ့ … သူရဲကောင်းတို့ ပြည်တော်ဝင်လမ်းခမ်းနားလှချည့်။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::


13. Jan. 2012 နေ့က ရွှေဝါရောင် ဆရာတော်များ၊ ၈၈ မျိုးဆက်များ စသည့်... စသည့်..သူရဲ့ကောင်းတို့ လွတ်မြောက်သတင်းကို ကြားပြိးကတည်းက ရေးနေလိုက်တာ အခုမှပဲအချောသတ်နိုင်လို့ အခုမှ တင်ဖြစ်ပါတော့တယ်။

ကိုကြည်နိုင်
Viewing all 191 articles
Browse latest View live