ရေ ပန်းချီ
အချစ်ဆိုတာ
လေပြည်မှာ တွဲခိုပါလာတဲ့
စကားလုံးငှက်လေးတွေ ပျံသန်းလာသလိုပဲ ။
အချစ်ဆိုတာ
လမင်းကြီးရဲ့ အဆန်တေးမှာ
သစ်ရွက်ကြွေလေးတွေ သူ့အရောင်နဲ့ စကားပြောချိန်
ကြယ်ကလေးတွေက ခုန်ပေါက် စင်းလာသလိုပဲ ။
အချစ်ဆိုတဲ့ မြစ်တစ်စင်းပေါ်
ငါ့ဝိညာဉ်နဲ့ ထွန်ယက်
ငါ့လက်နဲ့ လှိုင်းနုလေးတွေ ရေးချယ်
ငှက်ကလေး တစ်စင်းပေါ်က တေးချိုချိုကြား
ယုံကြည်မှုဇွဲအခပ်မှာ
အိမ်ပြန်မရောက်တဲ့ ညတွေဟာ
ငါ့ဝိညာဉ်နဲ့ ထွန်ယက်နေမယ့်
မျက်ရည်စိုစွတ်တဲ့ အိပ်မက်တွေပေါ့ ။ ။
( ကျွန်တော်တို့ရဲ့ဆုံမှတ်ကြီး ပျောက်ကွယ်ပျက်စီးသွားသည့်တိုင်
ဘယ်တော့မှ သစ္စာမဖောက်၊ မမေ့မလျော့ရှိနေကြမယ် ) ရည်ရွယ်၍ ...
လေးစားခင်မင်လျှက် - ဇင်မင်းကို ` ၀ဿန်မြေ ´
( ၁၈ . ၈ . ၂၀၁၂ )