နှစ်လေးဆယ်
စစ်ပွဲပြီးနောက်
သွေးမြင်ရင်
လန့်တတ်လာတယ်
အဖြူရောင်
ခေါင်းပေါင်းများအောက်
အနက်ရောင်
ကာလာများ ရှုပ်ပွေလျက်
မင်းကြီးတာလဲ မလုံသေးဘူး
အိမ်ခေါင်မိုးလဲ မလုံသေးဘူး
သံလျက်သူခိုးလဲ မမိသေးဘူး
ငါတို့လဲ အဖမဲ့သားအဖြစ် ရေနစ်နေတုန်း….။ ။
ကိုကွေကာ