Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all 191 articles
Browse latest View live

လက်ဆောင်

$
0
0
                                                      
“ဖေဖော်ဝါရီ ဆယ့်နှစ်ရက်နေ့က ပြည်ထောင်စုနေ့လေ…”“ဖေဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ …”
                        ပြုံးမြရွှင်သွက်လှတဲ့ ဟန်ပန်လေးနှင့် စကားတီတာဆိုတတ်လှသော ချစ်စဖွယ်ကောင်မလေးသည် ဗယ်လင်တိုင်းဒေးကိုလည်း ရင်ခုန်မျှော်လင့်တတ်သေးသူ ဖြစ်သည်။ ချစ်သူနှင့် အတူ နေရာအနှံ့ လျှောက်လည်ချင်သေးသည်တဲ့။ ချစ်သူပေးသော လက်ဆောင် တစ်ပွေ့တစ်ပိုက်ကို မက်မောစွာ ငံ့လင့်လျှက်ရှိသည် ဟုလည်း ပွင့်လင်းစွာ ၀န်ခံပြီးဖြစ်လေသည်။  ပြီး ကြည်နူးဆွံ့ပျံ့ဖွယ်ရာ ကော်ဖီဆိုင် တစ်ဆိုင်ဆိုင်မှာ ခေါင်းချင်းဆိုင်ကာ တွတ်ထိုးချင်ပြန်သတဲ့။
“ကိုယ် အဲဒီနေ့မှာ သွားစရာ တစ်ခုရှိေ...

းးး ပြော ပြီးပြီးးး

$
0
0





းးး  ပြော ပြီးပြီးးး





မပြောပါရစေနဲ့

လောကရဲ့  မြေတစ်ကွက်စာတောင်

မပိုင်ဆိုင်ထားသူမို့

အားယူပြီး  ပစ်လွှတ်လိုက်တဲ့

ခဲ တစ်လုံးလို

အသည်းနှလုံးကို

ဆွဲထုတ် နှစ်မြှုပ်ထားပြီးသူပါ ။

သောကနဲ့  တည်,ဖွဲ့, ရစ်ပိတ်ထားတဲ့

အချစ်ဆိပ်မြားချက်တွေကြောင့်

ခါးသက်နေဆဲ  သွေးရဲရဲတွေမို့၊

အေးခဲမာကျောတဲ့အထိ  ပကတိ စိတ်အသွင်နဲ့

( ချစ်ခြင်းရဲ့ နိမိတ်တွေကို မမြင်ချင်တော့လို့ )

အိပ်ချင်ယောင်ဆောင်နေရသူပါ ။


မပြောပါရစေနဲ့

ဒေါသနဲ့ ဖောက်ခွဲခဲ့တဲ့

နောက်ဆက်တွဲ  နောင်တတွေ

တသီတတန်းကို ရှင်ခန်းဖြတ်ထားသူမို့၊

နှူးညံ့,သိမ်မွေ့  အေးဆေးစွာ

တစ်ယောက်တည်း

လျှောက်ရဲဖို့  ကြိုးပမ်းနေရသူပါ ။


မပြောပါရစေနဲ့

မျက်ရည်ကို သက်သေမထားချင်လို့

ပျံရင်းနဲ့ မာန်တင်းပြီး

ခံပြင်းစိတ်ကို  မျိုသိပ်လျှက်

အငိုစိတ်ကို  ဖယ်ခွာထားသူပါ ။


မပြောပါရစေနဲ့

အကဲ့ရဲ့ခံစရာ  သံသရာအကြွေးများ

အေးအေးဆေးဆေး ပေးဆပ်ရင်း

အတင်းအဖျင်း သတင်းအစုံကို

ခံတွင်းမှာ ငုံထားရသူပါ ။


မပြောပါရစေနဲ့

မောဟ တွေရဲ့ အလှေ...

အဖေတူ သမီး အမေစု

$
0
0
ဗိုလ်ချုပ်  ဒို့ဖခင်
ကိုယ့်ကိုယ်ကို  အနစ်နာခံ
တိုင်းပြည်ကို    ကယ်တင်။     ။

မေစု   မေတ္တာရှင်
ကိုယ့်ကိုယ်ကို  အနစ်နာခံ
တိုင်းပြည်ကို    ကယ်တင်။    ။

                                    ကိုကွေကာ

ချစ်သူမရှိတဲ့ မြို့လေး

$
0
0


ချစ်သူမရှိတဲ့ မြို့လေး



ငယ်သွားလေးတွေ ကျိုးခဲ့ရာ

` အမတ်ကျေးရွာ ´ လေးနဲ့

အလွမ်းတွေ တနင့်တပိုး ထမ်းပိုရရှာတဲ့

မင်းချန်ထားခဲ့တဲ့ မြို့လေး ။


ဘယ်သူတွေ စိုက်ခဲ့မှန်းမသိတဲ့

ဓနိတောတန်းလေး၊

နောက်ထပ် နောက်ထပ်တွေပေါ်လာမယ့် သဲသောင်တွေနဲ့

ရေစီးသန်မှုထဲမှာ

လမုသီးလေးတွေနဲ့အတူ ငါတို့မျောပါခဲ့တဲ့ မြို့လေး ။


` နေ ´ တစ်ဝင်၊ ` လ ´ တစ်ခါထွက်နဲ့

ရွေးတစ်မြစ်  မေးတင်ထားတဲ့

စိတ်သစ်လူသစ်တွေ

ရေ  နှစ်ခါဆင်းချိုးဖြစ်တဲ့ မြို့လေး ။


မြစ်က မြို့ကိုလွှမ်းလိုက်၊

မြို့က မြစ်ကိုလွှမ်းလိုက်နဲ့

စေတနာရှင်မုန်တိုင်းလေးတွေ

ကျီစယ်တတ်တဲ့ မြို့လေး ။


ချစ်သူရဲ့လေစိမ်းလေးတွေ

အတိုက်ခံထားရတဲ့  အဲ့ဒီမြို့လေးက

အမှတ်ရစရာတွေ  ဟိုတစ်ပုံ ဒီတစ်ပုံနဲ့

ချစ်သူအပြန်လမ်းကို

မျက်နှာသစ်ပြီး ကြိုနေခဲ့တဲ့

လပွတ္တာမြို့ကလေးပေါ့ ။       ။



လေးစားခင်မင်လျှက် - ဇင်မင်းကို ` ၀ဿန်မြေ ´

( 21 . 2 . 2012 )



လေလွင့်မှတ်တမ်း - ၂

$
0
0
လေလွင့်မှတ်တမ်း - ၂

ပန်းနုရောင်ကောင်းကင်ကိုအရင်းတည်
မြသားကတ္တီပါကျယ်ပေါ်ဝဲပျံ
ကဗျာတစ်ခု၊ စာတစ်ခုအတွက်
နှလုံးသားနဲ့ ခံစားချက်ကိုဖွင့်ဟ
တောက်ပမှုတွေထဲဖြတ်သန်း
ကောင်းကင်ရဲ့ အဆုံးထိ. . .။
တစ်ကိုယ်တည်း. .
လွင့်ချင်ရာလွင့်၊ မျောချင်ရာမျော
သင့်၊ မသင့်ကို ခေတ္တမေ့..
ဝမ်းနည်း၊ စိတ်ညစ်မှုတွေကို
လေထဲမှာလွင့်ပစ်လိုက်မယ်။
ငါ့ဘဝအတွက်. . .
မျှော်လင့်ချက်တွေအတွက်. . .
အရာအားလုံးအတွက်. . .
ဖြတ်သန်းရာ ၁၈ ရပ်မှာ
စိတ်ကူးတစ်ခုနဲ့ပဲမျောလွင့်ခဲ့တယ်။

ဆောင်းငှက်
Re-compose at May 15, 2011

မြို့ပြနှလုံးသား (City's Heart)

$
0
0
မြို့ပြနှလုံးသား (City's Heart)

အသိတစ်ခုနဲ့စတင်. . .
အာရုဏ်လင်းတာနဲ့
ဘဝတစ်ခုအတွက်၊ တာဝန်ကိုယ်စီအတွက်
မြို့ရဲ့အနက်ရောင်သွေးကြောတွေထဲ
အရည်အသွေးမျိုးစုံနဲ့
အရောင်စုံပိုးမွှားတွေလှည့်ပတ်စီးဆင်း။
နေထွက်က နေဝင်ထိ
အဆောင်ယောင်၊ ဂုဏ်ဒြပ်တွေ၊
ဓာတုဗေဒဝတ်ရုံတွေ လွှမ်းခြုံ။
အရိုးခံ၊ အတွင်းကျတဲ့စိတ်ဓာတ်တွေ
အတန်းခွဲ၊ ခြင်္သေ့ကသိုဏ်းဝင်စိတ်ဓာတ်တွေ
. . . စိတ်ဓာတ်ပေါင်းများစွာဖွဲ့တည်။
ဒေါင်းအရေ၊ ကြောင်အရေ၊
ယုန်အရေ၊ ကျားအရေ၊ ဇီးကွက်အရေ၊
အရေခွံပေါင်းစုံလွှမ်းခြုံထားသူတွေ
ဥဒဟို တိုးဝှေ့လှုပ်ရှားနေကြ။
ကျေးလက်အပြုံး၊ လုံကုံထံအပြုံး၊
ဓာတုဗေဒအပြုံး၊ တရားဓမ္မအပြုံး၊
အပြုံးပေါင်းစုံဖူးပွင့်ကြ။
ရေစက်ဆိုတာဖန်တီးယူကောင်းတဲ့အရာလို
သူ့လူ၊ ကိုယ့်လူ့၊ စကားဖွဲ့ဆိုသူတွေရှိတယ်။
အဆင့်မျိုးစုံအတွက်
ဓာတ်တူ၊ နာမ်တူဆိုတာကိုကိုယ်စားပြုခဲ့ကြ
သူ့ကိစ္စနဲ့သူ၊ ကိုယ့်ကိစ္စနဲ့ကိုယ်. . .
အရောင်တူရင် ခင်၊ အရောင်မတူရင် စိမ်း။
မွန်းကြပ်မှုတွေ၊ လွတ်လပ်မှုတွေလွန်ဆွဲ
ဝမ်းနည်းမှုကတစ်ခဏ၊ ပျော်ရွှင်မှုက တစ်ဒင်္ဂ၊
ဆူအုံကြွနေတဲ့ဖိအားတွေဆိုတာနေရာအနှံ့။
တစ်ခါတစ်လေမှာ
ဟန်ဆောင်မှုအရေကို စွဲစွဲမြဲမြဲခြုံလွှမ်းထားကြ။
ဘာပဲဖြစ်ဖြစ်. . .
မြို့ပြရဲ့ နှလုံးအိမ်ဝင်းမှာ
အရာအားလုံးဟာ အကောင်းမြင်ဝါဒီတွေနဲ့
ေ...

နေခြည်တွေဖျန်းထားတဲ့မြို့ (သို့) ပြည်

$
0
0
နေခြည်တွေဖျန်းထားတဲ့မြို့ (သို့) ပြည်

မြို့ပြတွေလိုမခမ်းနားပေမဲ့
ရာဇဝင်ထဲကမြို့တစ်မြို့
အရုဏ်ဦး၊ ဆည်းဆာတွေမှာ
အအေးရောင်တွေဖျန်းပက်လို့
ယှက်နွယ်နေတဲ့လမ်းတွေက
ကဗျာဆန်ဆန်လှပတယ်။
လူမှုဆက်ဆံရေးမှာ
နွေးထွေး၊ ရိုင်းပင်းမှုကိုအခြေခံကြတယ်
မြို့ရဲ့နိစ္စဒူဝတွေက မြို့ပြအရှုံးပေးလောက်ရဲ့
မြို့ရဲ့ရင်သွေးငယ်တွေမှာ
စည်းလုံးမှုကိုတွေ့နိုင်တယ်
အိနြေ္ဒပြည့်ဝတဲ့ရောင်စုံပန်းတွေက
မြို့အလှကို အားဖြည့်ထားတယ်။
ရိုးသားမှုလမ်းမတွေထက်
အသွေးရောင်စုံလူတန်းစားတွေရှိတယ်
သက်တမ်းရင့်ပေမဲ့ နုပျိုဆဲမြို့တစ်မြို့ပါ
လမ်းကြုံရင်တော့
တစ်ခေါက်တစ်ခါ လှမ်းခဲ့ပေါ့
ငါတို့မြို့က နွေးထွေးမှုတွေနဲ့
လမ်းကမ်းကြိုနေမယ်။     ။

ဆောင်းငှက်
July 9, 2009 _THU

ဒီဇင်ဘာအလွန်နေ့ရက်များ

$
0
0
ဒီဇင်ဘာအလွန်နေ့ရက်များ

ဘဝက. . .
ရေခဲလိုက်၊ မီးတောက်လိုက်
အဲဒီထဲ..
စိတ်တွေ ကသောင်းကနင်း
အေးချမ်းမှုတွေ ဒီဇင်ဘာနောက်
ကပ်ပါမလာခဲ့။
နွေတမန်ကကြိုခင်းလို့
မိုးဦးမျက်ရည်တွေပူစပ်ပူလောင်
စုတ်ချက်မှားသွားပြန်တဲ့ဘဝ။
ဘာကိုမှမတောင့်တသင့်တော့ဘူး
ဆန္ဒတွေက ဘဝတစ်ခဏမှာ
လူကိုလျှင်လျှင်မြန်မြန်အိုမင်းစေခဲ့
ခြေလှမ်း ၂၀ အရောက်မှာ
စိတ်ကထက်ဝက်မကကြီးပြင်း
ကံစေစားရာမျောပါဖို့ထက်
ပစ္စက္ခမှာအကောင်းဆုံးဖြစ်ဖို့
သံဝေဂတွေတပွေ့တပိုက်ရခဲ့တယ်။
"ဇန်နဝါရီ ၂၀၁၂ ၊  Youth magazine"

ဆောင်းငှက်
Tuesday, July 6, 2011

ကာရန်မညီတဲ့ည

$
0
0
ကာရန်မညီတဲ့ည

အညတရညတွေမှာ ငါတစ်ကိုယ်တည်း
အမှောင်ရဲ့တေးသံ၊ အထီးကျန်လမ်းတွေက
ငါ့ရဲ့အဖော်...။
လွင့်မျောမြူခိုးတွေက ငါ့ကိုပိုက်ထွေး
အဖော်မဲ့တဲ့ရင်မှာ ဗလာနတ္ထိ
နက်နဲခြေရာတစ်စုံနဲ့ ပိုင်ရှင်မဲ့တေးသွားတွေ
ငါ့ရင်ကို နာကျင်စေရဲ့...။
တိမ်တွေလို ငါ့ခန္ဓာက
ကမ္ဘာမြေရဲ့အလှတရားကိုခံစားနိုင်ခဲ့တယ်။
ကဗျာမဆန်တဲ့ကောင်းကင်မှာ
ကြယ်တွေက ပျင်းရိပျင်းတွဲ
မြူးထူးပျော်ရွှင်စရာ
ငါ ကျက်စားရာသည်ဝန်းကျင်မှာ
လေရှုသံပြင်းပြင်း၊
သစ်အိုပင်တွေ၊ ညရဲ့လင်းယုန်တွေနဲ့
စိတ်အစုံကိုထိုင်းမှိုင်း၊ ခြောက်သွေ့
ပီတိအဟုန် လွှမ်းခြုံ၊
ကျယ်ပြန့်တဲ့မှော်ဝင်ကမ္ဘာမှာ
အတိတ်အဖော်တွေကိုတမ်းတရင်း
ကာရန်မညီတဲ့ညတွေမှာာ
ငါ နေသားကျခဲ့ပြီ...။

4.7.2007
"မတ် ၂၀၁၂၊ ပြုံးစရာမဂ္ဂဇင်း"

ရွှေတောင်

$
0
0
ရွှေတောင်

မေတ္တာတရားကို ရှာဖွေနေပုံရတဲ့
မျက်မှန်နဲ့ဘုရားကြီးရှိတယ်
လူတွေရဲ့လောဘကြောင့်
ရွှေတောင်ကြီးကွယ်ခဲ့တယ်ဆိုတဲ့မြို့
တစ်ရာတန်အသုတ်တစ်ထုတ်နဲ့
မနက်ခင်းလောင်စာဖြည့်ပေးနိုင်တဲ့မြို့
ရောင်းတယ်၊ ဝယ်တယ်အကြောင်းပြပြီး
ဆိုင်ကယ်ပွဲတော်တည်တဲ့မြို့
လူကုံထံတွေနေလို့ကောင်းတဲ့မြို့
မညီမျှတဲ့စိတ်ဓာတ်တွေကြား
ပဋ္ဌာန်းတန်ခိုးနဲ့ငြိမ်းချမ်းနေတဲ့မြို့
. . . . . . မြို့
စိန်ပန်းနီနီတွေကိုမြင်ရင်
မြင်းလှည်းသံနဲ့
အိပ်တန်းထခဲ့ရတာကို သတိရတယ်
ရွှေတောင်. . .
လောဘတရားတွေခေါင်းပါးချိန်
ရွှေတောင်ကြီးပြန်ပေါ်လာမတဲ့. . . ။     ။

ဆောင်းငှက်
December 5, 2011
2:15 PM

ကုက္ကိုရနံ့နဲ့ဆက်ထားတဲ့လမ်း

$
0
0
ကုက္ကိုရနံ့နဲ့ဆက်ထားတဲ့လမ်း

ဆောင်းရနံ့သင်းလာပြီ
ကုက္ကိုရိပ်ကဖလင်ချပ်တွေ
သစ်လွင်နေဆဲ
မြေနီလမ်းလေးလည်း
မပြောင်းလဲသေးဘူး။
ဝေကွဲစွာမပိုင်းခြားနိုင်ခင်..
ခံစားချက်တစ်စုံတစ်ရာအတွက်
အတိုင်းအတာလွန်ကျူးနေပြီ
မက်ဖူးခဲ့အိပ်မက်တွေမှာ
အရောင်စိုတတ်လွန်းလို့…။
သူငယ်ချင်းရေ. . .
တစ်နေရာဆီကွဲကွာနေလည်း
တစ်ချိန်မှာပြန်ဆုံစည်းကြမယ်
ငါတို့လျှောက်တဲ့လမ်းမှာ
လမ်းခွဲဆိုတာမရှိခဲ့ဘူးလေ. . .။

ဆောင်းငှက်
September 06, 2011_  5:39 PM

အလွမ်းဝေဆဲည

$
0
0
အလွမ်းဝေဆဲည

ဆိပ်ဖလူးတွေသင်းတဲ့ည
လမင်းကထက်ပိုင်းကျိုးကျလို့
လေတွေမြူးနေတဲ့အချိန်
ဝိုးတဝါးအရိပ်အယောင်မြင်ရင်..
ငါ့နှလုံးသားကနာကျင်တုန်းပဲ။

ဆောင်းငှက်
13.1.2012_ Fri
11:25 PM

♥ ''''စကားလုံး'''' တွေ ''' ဝှက်တမ်း''' ကစားမယ်''' ♥

$
0
0

''''''' ရနံ့ ''''' တစ်ခုနဲ့ ငါ့ ''''ဘဝ''''
မြှူဆွယ်တယ်လို့  ခေါင်းစဉ်တပ်ပြီးတော့
မင်း''''''' ဘဝ'''''' နဲ့  '''' ပနံ''''' တင့်ခဲ့ပေမယ့်
'''''''''ရနံ့ '''''' လည်း ကုန်
''''''ပွင့်ဖတ်''''''''' နွမ်း''''''
နောက်ဆုံးတော့လည်း
 ''''''အပယ်ခံ''''ပါပဲ
ကျူးကျော်ဝင်ရောက်ခဲ့မိသလား!!!!!
မင်း'''''ဘဝ'''''ထဲ
'''''''တစ်စစီ'''''ပါပဲ ငါ့ ''''' အနာဂါတ်'''''တွေ
နောက်ဆုံးတော့လည်း
 မင်းသာ '''''ပိုင်စိုး''''''ခဲ့တာ

'''''' အထွဋ်အမြတ်'''''' ထားသလိုလိုနဲ့ 
ပတ်ကြဲကြခဲ့တဲ့ '''''မင်္ဂလာ'''''' ပန်း'''''''
နောက်ဆုံးတော့လည်း
''''' အနင်းခံ''''''ပါပဲ
''''စာနာကြည့်''' လိုက်ပါလား!!!!!!
'''' ပန်း တစ်ပွင့်''''' ရဲ့ ''''''ကောက်ကြောင်း''''''ကို
''တစ်ကြောင်းတစ်ဂါထာ'' နဲ့ '''စကားလုံးတွေ'''
ဝှက်တမ်း ကစားပြီး
'''''တဆစ်ဆစ် ''''ကိုက်ခဲနေတဲ့
''''''နှလုံးသား ''''''
''''''အနာတရ ''''' ည'''' တွေလည်း
ရေတွက်မရတော့ဘူး!!!!

တကယ်တော့
'''' နင် ''''
မသိမ်းသွင်းခဲ့ပါဖူး!!!
''''''ဖိတ်ခေါ်မှု'''''မရှိပဲ ''''''အလိုလို ''''
'''' စီးမျောခဲ့တဲ့'''' ဒီ ခရီး
ချွေးတဒီးဒီး နဲ့  တောင်တက်သမားလို
'''' မာန် ''''' ဆို တာ ဘေးမှာ ချလို့ 
'''''နင့်'''''
''''''' ပင်ကိုယ်ဗီဇ ''...

မျှော်လင့်ချက်တွေအလွန်

$
0
0
မျှော်လင့်ချက်တွေအလွန်

လျှောက်ရတဲ့လမ်းတွေမညီညာဘူး
ဆုပ်ကိုင်မိတဲ့ပန်းတိုင်တွေ
အချိန်မတန်ခင်အရာယွင်း
အသီးအပွင့်တွေစားရဖို့ထက်
ဆန္ဒတွေအတွက်ပြေးနေတာ
ခုထိအမောမပြေသေးဘူး
အိပ်မက်တွေအရာမထင်လေ
အိပ်မက်တွေဆက်မက်လေ..
ဒီလိုနဲ့ လုံးခြာလည်လောကကြီးထဲ
အိပ်ရေးမဝတဲ့ညတွေ
ဘယ်တော့ကုန်ဆုံးမလဲ. . .။

ဆောင်းငှက်
Friday, February 17, 2012
10:05 PM

ညနေခင်းသို့ပျံသန်းခြင်း

$
0
0
ညနေခင်းသို့ပျံသန်းခြင်း

အို. . .
တောင်စွယ်တန်းတွေမှာ
ရွှေရည်တွေလိမ်းကျံပေါ့
တိမ်စိုင်၊ တိမ်လိပ်တွေ
သုတ်ဖြူးရာ လူး.. လွန့်..
ဇန်နဝါရီရဲ့ ရနံ့
ညနေခင်းမှာပျံ့ကျဲ
ဝေမှုန်တဲ့မြူငွေ့တွေကြား…
စိတ်ဦးတည့်ရာပျံသန်းတက်ခဲ့ပြီ..
သူငယ်ချင်းရေ.. မင်းကြောင့်။

ဆောင်းငှက်
31.1.2012_ Tue
6:15 PM

ထင်းရှူးလမ်းကပုံပြင် (အပိုင်း ၁)

$
0
0
** ထင်းရှူးလမ်းကပုံပြင် **
ဆောင်းငှက်
July 6, 2011 _Wed
9:17 PM

- ၁ -
ဂျပန်ခေတ်... ၁၉၁၅ ခုနှစ်ဝန်းကျင်ခန့်။
မြန်မာနိုင်ငံ၏မြို့တစ်မြို့မှာ လာရောက်အုပ်ချုပ်နေတဲ့အရာရှိတစ်ယောက်တွင် ‘ဆာကုရ’ အမည်ရှိ သမီးတစ်ယောက်
ရှိသည်ဟုသိကြသည်။ ထိုသမီးတစ်ယောက်သည် မချောမလှသော်လည်း ချစ်စဖွယ်ကောင်းသည်။ အသက်ကား (၂၀) ခန့်ရှိပြီဖြစ်
သည်။ သူမ၏ အဖေအုပ်ချုပ်ခွင့်ရသည့်မြို့၏ရပ်ကွက်တစ်ခုတွင် သုတဆိုသည့်လူငယ်တစ်ဦးလည်းရှိ၏။ ထိုလူငယ်ကား အရပ်
ရှည်ရှည်၊ ဗမာမပီသသည့်ရုပ်မျိုး။ ထိုလူငယ်နှင့် အရာရှိကြီး၏ သမီးတို့သည် ဈေးဆိုင်တစ်ဆိုင်တွင်ဈေးလာဝယ်ရင်းကနေတိုက်
ဆိုင်မှုများစွာနှင့် ခင်မင်ဖြစ်ခဲ့ကြသည်။ ခင်မင်ဖြစ်ရင်းကနေ ချစ်သူ၊ ရည်းစားအဆင့်သို့ပင်ရောက်ခဲ့ကြသည်။ ထိုခေတ်၊ ထိုကာလက
လူငယ်များပီပီ သူတို့နှစ်ဦးအကြောင်းကိုတော်ရုံလူများကမရိပ်မိကြပေ။ အရာရှိကြီး၏သမီးကလည်းဗမာစာကိုအသင့်တင့်ပြော
တတ်ရုံမက၊ မြန်မာ့မြေတွင် နေရသူပီပီ၊ မြန်မာမိန်းကလေးတို့ယဉ်ကျေးမှုကို လက်ခံကျင့်သုံးခဲ့သည်။ ‘ဆာကုရ’ နှင့် သုတ တို့၏
ချစ်သူသက်တမ်း နှစ် နှစ်ကျော်ကာလတွင် သူမ၏ဖခင်ကဂျပန်ပြည်သို့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ဖြစ်လာသည်။ သူတို့နှစ်ဦး
လည်း တစ်ဦးနှင့်တစ်ဦးမခွဲခွာနိုင်ကြ၍ သူတိ...

ထင်းရှူးလမ်းကပုံပြင် (အပိုင်း ၂)

$
0
0
- ၂ -

× × × × ×

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး (၁၀) နှစ်ခန့်အကြာ. . .
“သားရေ.. လမ်းထိပ်ကဆိုင်မှာ ဆန် သုံး ပြည်သွားဝယ်ပေးပါဦး ဆား တစ် ထုတ်ပါဝယ်ခဲ့နော်”
“ဟုတ်ကဲ့.. အမေ” လမ်းထိပ်ကဆိုင်ဆိုသည့်အသံကြားသည်နှင့် ‘ကျော်စွာ’ ကတက်ကြွနေသည်။ အမေ့ကိုခွန်းတုံ့
ပြန်ရင်းသွက်လက်စွာပင်လမ်းထိပ်ကိုထွက်ခဲ့သည်။ သွက်လက်မည်ပေါ့။ ထိုဆိုင်ပိုင်ရှင်၏ သမီး ‘မြသက်နှင်းစံ’ သည်သူနှင့်နှစ်ဦး
သဘောတူချစ်နေကြသော ချစ်သူတစ်ဦးပင်မဟုတ်ပါလော။ အနေထိုင်သိမ်မွေ့သောသူတို့နှစ်ဦးကို လူကြီးများကမရိပ်မိကြသေး
ပေ။ သူမကလည်း မြန်မာမိန်းကလေးပီသစွာ အိနြေ္ဒ၊ သိက္ခာကိုတန်ဖိုးထားသည်။ သူကလည်း သူမကိုမြတ်နိုးတန်ဖိုးထားသဖြင့်
အများသိသာအောင်မတွဲ။ သန့်ရှင်းသောမေတ္တာနှင့် တစ်ဦးကိုတစ်ဦး တန်ဖိုးထားချစ်ကြသည့်စုံတွဲပင်ဖြစ်သည်။
“နှင်းစံရေ.. ငါ့ကို ဆန် သုံး ပြည်နဲ့ ဆား တစ် ထုပ်ပေးပါဦး” ဆိုင်အတွင်းစူးစမ်းမကြည့်မိသေးဘဲပြောလိုက်သည်။
“ဟဲ့.. နှင်းစံမရှိဘူး၊ ဘုရားသွားတယ်၊ သားလာရင်လည်းလိုက်ခဲ့ဖို့မှာလိုက်တယ်သားရဲ့၊ ခုတော့.. သားအမေခိုင်း
တာလုပ်ပေးလိုက်ဦး၊ ရော့.. ဒီမှာဆန် သုံး ပြည်၊ ဆားတစ်ထုတ်၊ ဆန် သုံး ပြည်ကိုပိုပိုလေးထည့်ပေးလိုက်တယ်နော်”
“ဟုတ်ကဲ့.. အန်တီ၊ သွားလိုက်ပါဦး...

ထင်းရှူးလမ်းကပုံပြင် (အပိုင်း ၃)

$
0
0
- ၃ -

× × × × ×

တောစပ်နားရှိသစ်ပင်ကြီးတစ်ပင်အောက်တွင် ရဟန်းတစ်ပါးငြိမ်သက်စွာတရားအားထုတ်လျက်ရှိသည်။ ထိုသူကား
ဦးခေမာပင်ဖြစ်ပါသည်။ သူသည် တရားအားထုတ်ရင်းဈာန်တရားများနှင့် အတိတ်ဘဝကိုပြန်သိနိုင်သောဉာဏ်ကိုပါရရှိခဲ့ပြီး မိမိ
၏အတိတ်ဘဝများကို ရုပ်ရှင်ကြည့်နေရသလိုပင်ပြန်မြင်နိုင်ခဲ့သည်။ မိမိအတိတ်ဘဝများကိုပြန်မြင်ယောင်ပြီးနောက် လူ့ဘဝကြီး
သည်အလွန်တရားကျစရာကောင်းသည်ကိုသိရှိခဲ့ရသည်။ မိမိစွန့်ခွာခဲ့သော ‘မြသက်နှင်းစံ’ ဆိုသည့်မိန်းကလေးသည် အတိတ်
ဘဝက ‘ဆာကုရ’ နာမည်နှင့်ဂျပန်မလေးတစ်ယောက်ဖြစ်ခဲ့သည်။ သူမနှင့်မိမိသည် အလွန်ချစ်ခဲ့ကြပြီး ချယ်ရီပင်ကိုသစ္စာပြုခဲ့ကြ
သည်ကိုလည်းသိခဲ့ရသည်။ ထိုသစ္စာစကားသည် ထက်သန်၊ မှန်ကန်၍ ယခုဘဝတိုင်အောင်မပျက်သလိုနောင်ဘဝတွေမှာလည်း
ပျက်မည်မဟုတ်ကြောင်းသူတွေးမိခဲ့သည်။ မိမိချစ်မြတ်နိုးခဲ့ရသောမြသက်နှင်းစံဆိုသည့်မိန်းကလေးသည် ယခုမည်ကဲ့သို့ဖြစ်နေ
သည်ကိုလည်းသိချင်မိသည်။ ယခုဘဝလက်မတွဲဖြစ်ခဲ့ကြတာကို သူဝမ်းမနည်းမိခဲ့ပေ။ သူ့၏အဓိကရည်မှန်းချက်ဖြစ်သည့် မေတ္တာ
တရားဖြင့် လူသားတွေကိုစောင့်ရှောက်ပေးဖို့သာသူဦးစားပေးဖြစ်ခဲ့သည်ကို သူမလည်း သူ့အပေါ်နားလည်ပေးနိုင်မည်ဟုမျှော်လင့်
မိခဲ့သည်။
× × × × ×

၂၁ ရာစုအစောပိုင်းကာလ. . ....

လက်တွေ့ပန်းပျိုးသူ

$
0
0
လက်တွေ့ပန်းပျိုးသူ

ပန်းကိုချစ်လို့ ပျိုးဖြစ်ခဲ့တာ
မဟုတ်ပါဘူး...
ပန်းကိုကြိုက်လို့ ရနံ့ကိုရှိုက်ဖို့
စိုက်ဖြစ်ခဲ့တာ မဟုတ်ပါဘူး...
ပန်းခူးဝယ်ရောင်း ငါ့အိတ်ဖောင်းဖို့
ရေလောင်းခဲ့တာ မဟုတ်ပါဘူး

ဝတ်ကူးမှုန်ရည် ရွှေနေခြည်မှာ
သုံးဖြာလောက ပွင့်သစ်စကို
ရောင်စုံပန်းလှ ပသာဒဖြင့်
မြင်ချင့်စဖွယ်  တင့်တယ်စေဖို့...
ရနံ့ဖြန့်ကျက် ပန်းအသက်ဖြင့်
မနက်ခင်းများ သာယာသွားဖို့
လောကတစ်ခွင် အလှဆင်မည့်
ဖန်တီးရှင်များ တိုးပွားလာဖို့
စိတ်တို့ရွယ်ရည်  ပျိုးခဲ့လေပြီ...
မင်းတို့နားလည်ပေးနိုင်ကြပါစေ...

                                                           မောင်သက်အိုး
                            &nbs...

းးးးး “ ဆောင်း ” ကို နှင်ထုတ် “ နွေ ” လုပ်ပေးပါးးးးး

$
0
0





နံနက်ခင်းရဲ့ ဆည်းဆာတစ်ခုမှာ

“ ဆောင်း ” ဟာ

လမ်းမထက်ပေါ်  ရောက်လာခဲ့ပြီကော ။


ဒီလို မနက်ခင်းဆည်းဆာမျိုးက

ဟိုး ... အရင်တစ်ခါက “ ဆောင်း ” ကို

ပြောင်းလည်းသွားစေခဲ့တာလား ...

ဟောင်းနွမ်းသွားစေခဲ့တာလား ။


လမ်းတစ်လျှောက်က

ရွှေချည်တန်းလေးတွေနဲ့  ယက်လုပ်ထားတဲ့

နှင်းနုအနွေးထည်လေးကို ခြုံလို့ ။


ဟိုအရင်က

အသက်၀၀ရှူ  လမ်းလျှောက်ရသလို

ဒီ လမ်းမကြီးမှာပဲ  ပြန်လျှောက်ကြည့်ရင်

“ နှင်း ” သိနိုင်ပါ့မလား ...

“ နှင်း ” သိနေပါ့မလား ။


စိတ်ထဲကို သိ၊ ရင်ထဲကို ငြိတဲ့

“ နှင်း ” ရဲ့အကြည့်တွေက

အရှုံးတစ်ခုကို

ရင်ဆိုင်စေချင်တာလား ...

ရယူစေချင်တာလား ...

ပြတ်သားလိုက်တာ “ နှင်း ” ရယ် ။


မာကျော မည်းနက်တဲ့ ကတ္တရာလမ်းအထက်က

ခြေထောက်တစ်စုံရဲ့

ကြေကွဲ တမ်းတသံတွေကို

ခံနိုင်ရည် မရှိတော့လို့

“ ဆောင်း ” ကို နှင်ထုတ်  “ နွေ ” လုပ်ပေးပါ ။       ။


လေးစားခင်မင်လျှက် - ဇင်မင်းကို “ ၀ဿန်မြေ ”

( 9 . 3 . ...
Viewing all 191 articles
Browse latest View live