Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all 191 articles
Browse latest View live

ကိုယ်တိုင်ရေးအိပ်မက်

$
0
0
ကိုယ်တိုင်ရေးအိပ်မက်

ရွှေအိုရောင်ကောင်းကင်ကြီးထဲ
ငါတိုးဝင်လိုက်တယ်. . .
စိမ်းဖန့်ဖန့်သစ်ရွက်တွေ
ငါ့ကိုပွတ်သပ်ကျီစယ်။
လူးလွန့်မျောလွင့်နေတဲ့
တိမ်မှုံတွေကြား. . .
ငြိမ့်အေးတဲ့အရသာနဲ့
မှောင်ရိပ်တွေကိုအာရုံပြု
ငါ့စိတ်တွေ တစ်ရေးနိုးတယ်။
သဘာဝရနံ့ရောစပ်ထားတဲ့လေပြည်တွေ
ခန္ဓာကိုယ်ထဲထိရိုက်ခတ်
ပတ်ဝန်းကျင်တစ်ခုလုံးအတွက်
ငါ့စိတ်ကိုအမှောင်ထုနဲ့ပေါင်းစပ်။
အဲ့ဒီမှာ. . .
တိမ်မှုံ၊ တိမ်စတွေက ငါ. . .
အရောင်တလက်လက်နဲ့လွင့်မျောလို့၊
စိမ်းဖန့်ဖန့်သစ်ရွက်တွေက ငါ. . .
လေပြည်နဲ့အတူကခုန်လို့၊
ညရဲ့လမင်းကြီးက ငါ. . .
အားလုံးကိုငါ့ရဲ့အေးမြမှုတွေပေးလို့။
ငါ့စိတ်တွေကို
အမှောင်ထုထဲကဖယ်ခွါလိုက်ရင်. . .
ငါဟာ စိတ်ကူးယဉ်လွင့်မျောဆဲပဲ။

ဆောင်းငှက်
"ဆောင်းငှက်၏ အိပ်မက်ဆန်သောဘဝ ကဗျာရှည်မှ.."

အတိတ်အကြောင်းပြောနေတာလား

$
0
0
အတိတ်အကြောင်းပြောနေတာလား

အိမ်ပြန်သွားတဲ့ နေလုံးနီနီကြီးရဲ့
ဆံနွယ်စတွေလွင့်မျောချိန်
တောတန်းအလယ် မြေနီလမ်းမှာ
လေးတွဲ့စွာလျှောက်လှမ်းဖူးတယ်။
မှိုင်းညို့ညို့တောင်တွေကြား
ပကာသနကင်းတဲ့ အိမ်ငယ်လေးမှာ
အေးမြစွာ အိပ်မောကျဖူးတယ်။
ယိမ်းနွဲ့နွဲ့ပင်အိုတွေနဲ့
မဟူရာဝတ်ရုံလွှာထဲ
ဝင်းလက်နေတဲ့ ကြယ်ပွင့်တွေကို
အတူထိုင်ကာ ငေးမောခဲ့ဖူးတယ်။
အေးမြမြလေပြည်ကြား
ဆိပ်ဖလူးရနံ့သင်းပျံ့ပျံ့ရင်ခွင်ထက်
နွေးထွေးစွာ ခိုဝင်ခဲ့ဖူးတယ်။
တိတ်ဆိတ်တဲ့ ရနံ့တွေထဲ
ရီဝေတဲ့အာရုံနဲ့ မျက်လွှာကိုမှိတ်မိခဲ့ရင်
ချိုမြမြမျက်ဝန်းတစ်စုံနဲ့
နူးညံ့အေးမြတဲ့အပြုံး စွဲထင်တုန်းပဲ။
သန်းခေါင်ယံရဲ့အလယ် အိပ်မောကျခဲ့ရင်
နွမ်းလျလျရင်ထဲမှာ တသသစိတ်နဲ့
အတိတ်တံခါးဝက ထွက်ခွာခဲ့ရတယ်။

ဆောင်းငှက်
"လရောင်အောက်ကစကားလုံးများ" ကဗျာစာအုပ်

[ဒီကဗျာလေးကအရင်ကတင်ပြီးခဲ့လားမသိပါဘူး။ တင်ပြီးရင်လည်းပြောကြပါဦးခင်ဗျား]

သစ္စာနှလုံးအိမ်

$
0
0
သစ္စာနှလုံးအိမ်

ဝေးကွာခဲ့နေ့ရက်တွေကို
အလွမ်းနဲ့စီခြယ်ထားခဲ့
ငါ့အတွက်. .
သစ္စာသည်သာ အားကိုးရာ။
နှလုံးသားကိုသော့ခတ်ထားတယ်
သက်ဆိုင်သူရေ
အသင့်ဖြစ်ရင်လာဖွင့်လှည့်ပါ။

ဆောင်းငှက်
22.6.2011

မပြောတတ်ဘူး

$
0
0
 မပြောတတ်ဘူး
တစ်ခါပဲ နမ်းခဲ့ဘူးတာပါ
လသာပန်းဖြစ်နေတာကတော့ မတက်နိုင်ဘူးလေ ။

တစ်ကိုက်ပဲစားခဲ့ဘူးတာပါ
ပဒိုင်းသီးဖြစ်နေခဲ့တာကတော့ မတက်နိုင်ဘူးလေ။

မလှတလှ ကောင်မလေးတစ်ယောက်ရဲ့လှည့်စားချက်က
မျက်လှည့်ဆရာ လက်ထဲက အကြွေစေ့လို
ဘယ်ပုန်းလို့ ပုန်းခိုမှန်းမသိ

ကခဲ့ဘူးတဲ့ပြဇာတ်အတွက်ကတော့
အလွမ်းနဲ့ဇာတ်သိမ်းရတာ မကောင်းပါဘူးကွယ်။

တစ်ကယ်ပါပဲကောင်မလေးရေ
ငါ့အသဲကိုကစားရမှနင်ပျော်မယ်ဆို
ဖုန်အလိမ့်လိမ့်ထအောင်နင်ပျော်ပါ ။

ငါ့အချစ်ကိုဟာသလုပ်ရလို့နင်ပျော်တယ်ဆို
မျက်ရည်ထွက်အောင်နင်ရယ်မေားပါ ။

နင့်အတွက်ဆို ငါဟာမျက်စိမှိတ်လို့
မိုက်ပြချင်တဲ့ကောင်ပါကွယ်။        ။  သက်မင်း

သိကာသိ၏ မရှိ

$
0
0
                                                “သိကာ သိ၏ မရှိ”
                                           ဘ၀ကို အမှောင်ချထားခဲ့ပြီးမှ
                                           အလင်းရောင် ခဏရ ရင်ပဲ
                        &nbsp...

၂၁ လမ်းရဲ့ဒိုင်ယာရီဟောင်း

$
0
0
၂၁ လမ်းရဲ့ဒိုင်ယာရီဟောင်း

ဝေးကွာခဲ့ပြီးနောက်. .
ရုပ်ရှင်ရုံတွေမှာကားသစ်တွေတင်ပြီ
၂၁ လမ်းရဲ့ပလပ်ဖောင်းပေါ်မှာ
နင်ရယ်..  ငါရယ်
မြို့ပြကိုငေးရင်းလက်တွဲလျှောက်ခဲ့တာ
ရွတ်ဖူးခဲ့ကဗျာတွေမှာ
အော်ဒီကလုံးတွေ သင်းထုံခဲ့တယ်
မာကျူရီအောက်
သံစဉ်တွေကိုငေးမောခဲ့ရတာ။
ငါတို့အချစ်တွေလည်း
ဗိသုကာကောင်းကောင်းနဲ့လှခဲ့ရဲ့
ထပ်တူပြုခဲ့တဲ့နှလုံးသားတစ်စုံ
ခုထိ နိုးထနေတုန်း. . .။
ကန့်လန့်ကာတစ်ခုအခြားမှာ
ခြေရာတွေမပျံ့လွင့်သေးဘူး
အိပ်မက်တွေမဟောင်းသေးဘူး
အတိတ်တွေလည်း
ဒိုင်ယာရီဟောင်းလေးထဲမှာပျော်ရွှင်တုန်း။

ဆောင်းငှက်

မျက်လုံးများ

$
0
0
မျက်လုံးများ

ငါတို့တွေကြည့်ကြတယ်
တစ်ဦးနဲ့တစ်ဦး မျက်လုံးမျိုးစုံနဲ့
အပြန်အလှန်ကြည့်ကြတယ်။
အထင်ကြီးတဲ့မျက်လုံး၊
နှိမ့်ချတဲ့မျက်လုံး၊ အားကိုးမျက်လုံး၊
စူးစမ်းတဲ့မျက်လုံး၊ ကဲ့ရဲ့မျက်လုံး၊
ချစ်တဲ့မျက်လုံး၊ မုန်းတဲ့မျက်လုံး၊
ဒေါသမျက်လုံး၊ ကရုဏာမျက်လုံး၊
ယုံကြည်မှုမျက်လုံး၊ သံသယမျက်လုံး၊
နားလည်မှုမျက်လုံး၊ မကောင်းမြင်ဝါဒီမျက်လုံး၊
. . . . . . မျက်လုံးပေါင်းများစွာနဲ့
ငါတို့ကြည့်ကြတယ်
သူငယ်ချင်း. .
မင်းရော.. မင်းကိုယ်မင်း
ဘယ်လိုမျက်လုံးမျိုးနဲ့
ဘယ်နှစ်ကြိမ်ကြည့်ပြီးပြီလဲ။

ဆောင်းငှက်
September 8, 2011_ 7:35 PM

လပြည့်ညအတွက်ဒဏ္ဍာရီ

$
0
0
လပြည့်ညအတွက်ဒဏ္ဍာရီ

ကြည်လင်တဲ့ညချမ်းကလေး. .
လွင်ပြင်ကျယ်မှာလတစ်စင်း ဝင်းပ။
အဖြူရောင်ပဝါပါးအောက်
တူယှဉ်စွာ ပျော်ရွှင်ကြဖို့..
ဥပေက္ခာပြုထားခံနဲ့
ပျော်ရွှင်စွာစကားဖွဲ့။
ရှိန်းဖန့်ဖန့်ဝတ်ရုံလွှာထဲ
နုချိုမြရနံ့တွေနဲ့ ကိန်းအောင်းကြ။
မနုဿအသံတွေကြားရင်
စိုးရိမ်မှုအရိပ်နဲ့၊ ခြေရာလက်ရာတွေ
သိမ်းဆည်း၊ သိုဝှက်ခဲ့ကြ။
မှိုင်းနွဲ့ရောင်ဖြာဝန်းကျင်
မှော်ဝင်ဆန်ဂီတသံတွေ၊
ဖန်တံ့တံ့အငွေ့အသက်တွေနဲ့
လူသားတွေလည်းကျောချမ်းခဲ့ရ။
ဒဏ္ဍာရီမှာတွင်ကျန်ရစ်တဲ့
ပုံပြင်ဟောင်းလေးတွေဆိုတာ
သူတို့တွေရဲ့အမှတ်ရစရာတွေအတွက်
နောင်.. ရာစုနှစ်တွေတိုင်အောင်
သစ်လွင်နေခဲ့ဦးမယ်ထင်ရဲ့. . .။

ဆောင်းငှက်
26.7.2010

တမလွန်ရဲ့အခြားဖက်

$
0
0
တမလွန်ရဲ့အခြားဖက်

စိတ်ဝိဥာဉ်တွေ လေနှင်ရာမျော
တိမ်တိုက်တွေနဲ့ပြေးလွှားဆော့ကစား
လွမ်းငွေ့ငွေ့ပုံရိပ်တွေ
ကျန်ရစ်ခဲ့ဝန်းကျင်မှာထင်ရှားဆဲ
ဒါက. .
ငါ့အတွက်နှုတ်ဆက်နေတာထင်ရဲ့။
အရုဏ်ဦးမှာ ခိုနားဖို့
နေရာသစ်ကိုရှာဖွေရဦးမယ်။
ငါ့ခန္ဓာက လေနှင်ရာကိုမျောပါ. . .
အားလုံးအပေါ်ဖြတ်ပြေး
လွတ်လပ်ပေါ့ပါးမှုနဲ့နေထိုင်
ဥပေက္ခာတွေကို ငါအထင်လွဲမှားခဲ့။
ပုံရိပ်ဟောင်းတွေကြွင်းကျန်ခဲ့မယ်။
အလင်းတန်းတွေရောက်လာရင်
နေရာသစ်ကိုခရီးဆက်ရဦးမှာပါ. . .။
ငါ့ ကိုယ်၊ စိတ်နှစ်ပါး
လေနှင်ရာမျောလွင့်ခဲ့တယ်..
အရာအားလုံးရဲ့အခြားဖက်. . .
ငါသေဆုံးပြီးတဲ့နောက်. . . . .။     ။

ဆောင်းငှက်
October 9, 2009 _Fri
10:45 PM

အရူးတစ်ယောက်ရဲ့မှတ်စု´

$
0
0
                                          `အရူးတစ်ယောက်ရဲ့မှတ်စု´
                                   လှုပ်လေ လှုပ်လေ မြုပ်နေရတဲ့ဘ၀မှာ
                       အသက်ရှူနေရတာတောင် ကြောက်ကြောက်လာတယ်
                          အသက်ရှူမ၀လို့ ပါးစပ်ဟမယ်ကြံလိုက်တော့လဲ
                     &...

မိုးရေထဲမှာ

$
0
0


းးး   မိုးရေထဲမှားးး




အဲ့ဒီတုန်းက

အမှတ်မထင်  မိုးရွာချတယ် ...

နေသာတုန်း

အစာရှာနေတဲ့  ကြက်တစ်အုပ်

မိုးရွာတာကို  ကျိန်ဆဲရင်း

မိုးလွတ်ရာ  ထွက်ပြေးကုန်ရဲ့ ။


သြော် . . .

ပြည်ထောင်စု တံတားကြီးကို

ကားအဟောင်းကြီးနဲ့  ဖြတ်စီးလာကြသူတွေ

ရေစိုနေတဲ့  အင်္ကျီအောက်မှာ

ငွေလိုနေတဲ့  အရေပြားရှိတယ် ...

ဆာလောင်နေတဲ့ ခန္ဒာရှိတယ် ။


ငှက်တွေလို  အတောင်တစ်စုံကလွဲရင်

သူတို့မှာ  အပိုပစ္စည်း ဘာမှမရှိဘူး။

ငါးတွေလို  ပါးဟက်တစ်စုံကလွဲရင်

သူတို့မှာ  အပိုပစ္စည်း ဘာမှမရှိဘူး ။


သမ္မတ ရွေးကောက်ပွဲဖြစ်ဖြစ်၊

ရော့( ခ် ) ဂီတပွဲဖြစ်ဖြစ်၊

တလင်းမရှိတဲ့  စစ်ပွဲဖြစ်ဖြစ် ...

တစ်ခုမဟုတ် တစ်ခု

ဖြစ်ပေါ်နေကျ  ကမ္ဘာကြီးမှာ

အသန့်ရှင်းဆုံး အသံက ဘာလဲ ။


ငြိမ်းချမ်းရေးအကြောင်းကို မသိကြတော့

ငြိမ်းချမ်းမှုကို  သိမသွားကြဘူး၊

တရားအကြောင်းကို မသိကြတော့

တရားမှုကို  သိမသွားကြဘူး ။


လူဖြစ်ခဲ့တာ  တန်ဖိုးရှိတယ်လို့

လူဖြစ်ပြီးခဲ့တဲ့သူတွေကပြောတယ် ...

“ကြည့်မှန်တစ်ချပ်”

$
0
0
“ကြည့်မှန်တစ်ချပ်”

ဒီမှာမိတ်ဆွေ
အလကားလူဆိုပေမယ့် တန်းစီယူမှရမယ်
အလကား အလကားဆိုပြီး ခင်ဗျားအနား
ဘယ်သူမှ လာမထားဘူး

အလကားကောင်ဆိုပေမယ့်
အချောင်မနှိုက်တက်ရင် တော်ပြီပေါ့

အလကား အလုပ်ဆိုပေမယ့်
မတရား မလုပ်ရင် တော်ပြီပေါ့

ဒီမှာ ဒီမှာ ခင်ဗျားမှားနေပြီ
ကြည့်နေတာမှန်တယ်လို့တွေးမနေနဲ့
မှန်နေတာ ကြည့်နေတက်ဖို့လဲ လိုတယ်
ဒါပဲလေ
စိတ်ရူးပေါက်တိုင်း ထထရိုက်မိလိုက်တာ
မှန်တစ်ချပ်ကတော့ ကွဲးသွားရှာပါရေားလား ။ ။သက်မင်း

စကြ၀တေးနှင့်ကဗျာဆရာရန်ဖြစ်ခြင်း

$
0
0
စကြ၀တေးနှင့်ကဗျာဆရာရန်ဖြစ်ခြင်း

ဘယ်သူ့ မှ မယုံတက်တာ
အဆန်းလုပ်လာမပြောပါနဲ့
ငါ့ကိုငါတောင်မယုံတက်လို့ပါ ။
ဘယ်သူ့ကိုမှ မချစ်တက်တာ
အဆန်းလုပ်လာမပြောပါနဲ့
ငါ့ကိုယ်ငါတောင် ကောင်းကောင်းမချစ်တက်လို့ပါ ။
တစ်ဘို့ထဲရှိမှနွားဆို
ကုလားအုတ်ကို လက်ညှိုးထိုးပြလိုက်မယ်
မင်း... မှာရှိတဲ့စည်းစိမ်လောက်တော့သနားတယ်
ကျွန်လဲ ကျွန်အထွာနဲ့ကျွန်
အတွန့်တက်ရလောက်အောင်
ငါဆိုတဲ့ကောင်က ငါးပြားစေ့မှ မဟုတ်တာ
ဘယ်ကောင်များ ထမင်းကြမ်းခဲကိုက်ပြီး မွေးဖွားခဲ့လို့လဲ
သွားစမ်းပါ...
ဒုက္ခ ကပျားရည်ထက်ချိုတယ်ဆို
မင်း... အမျိုးတွေကို သွားကျွေးလိုက်
ငါလိုကောင်က ငတ်မြဲငတ်နေမယ်။ ။သက်မင်း

ခွင့်ပြုပါ.......

$
0
0

တိတ်ဆိတ်ခြင်းက

အေးချမ်းစွာနာနေဖို့ပြောနေပေမဲ့

စိတ်အလျဉ်မှာ "မ"အရိပ်တွေပဲမြင်နေတယ်........။

မျက်လုံးတွေမှိတ်ထားပေမဲ့

အိပ်မပျော်နိုင်ခဲ့ပါဘူး......ချစ်သူ

အတိတ်ဆိုတဲ့ သမိုင်းမှာ

အရိုင်ပန်းတွေပွင့်ခဲ့ပေမဲ့

"မ" အတွက်တော့ ပန်းဘုရင်

သဇင်တပွင့် ဖြစ်ချင်သူပါ...........။

အဆင့်ဆိုတာတွေထက်

အမြင့်ကလူ မဟုတ်တဲ့ကျွန်တော့်ကို

"မ" ရဲ့ အရိပ်ကလေးတော့ ဖြစ်ခွင့်ပြုပါ..........။

ဆုတောင်း

$
0
0

မှိတ်ထားတဲ့ မျက်လုံးတွေနဲ့

ဖြန့်ထားတဲ့လက်အစုံဟာ

အနှိုင်းမဲ့မေတ္တာကို မျှော်လင့်နေခြင်း

အကျွန့် ရင်တွင်း၌

ဖြူစင်သော မေတ္တာနိုင်ငံတည်ပါစေသောဝ်  ။

အရှင်ရဲ့ ဂရုဏာကြောင့်

လောကဓံလှိုင်း ပန်းတံတိုင်းဖြစ်စေသောဝ် ။

အရှင့်ရှေ့မှောက်ဒူးထောက်

အကျွန့် သစ္စာကြောင့်

ချစ်သူများ ပေါင်းရပါစေသောဝ် ။

အရှင့် မေတ္တာ ကရာနီတောင်က

သက်သေတည် သကဲ့သို့

"နွမ်းလျ ရင်ခုန်

နှလုံးသားမှ

စီးကျအေးခဲ ၊ သွေးခဲသွေးအိုင်

လက်ဝါးကားတိုင်ပေါ်မှ

ခရစ်တော်........"

အရှင့်ရဲ့ မေတ္တာတော်ကြောင့် ဆုတောင်းအတိုင်းပြည့်ရပါစေသော်ဝ်။      ။   William




နွေ အရိပ်

$
0
0



နွေ အရိပ်




ထိခတ်မိသမျှ  အရာတိုင်း

တစ်ဆစ်စီ ပြုတ်ထွက်သွားရအောင်

ပဲ့တင်ထပ်  စီးဆင်းလာတဲ့

ရှစ်ခွင်တိုင်းရဲ့  လေရိုင်းများ ။


ယောက်ယက်ခတ်  တံလျှပ်တွေကြား

အပူလှိုင်းတို့  တွန်းပို့ရာ ပါပါသွားခဲ့၊

ဒီအချိန်

ခိုလှုံစရာကို  ရည်ညွှန်းမယ့်

အဖိုးတန်  မြေပုံအညွှန်းလေးက

အပြောရခက်နေပြီလား ။


သံသရာကပေးလို့

ပြေးမလွတ်တဲ့ 

ကံကြမ္မာဓားချက်က  ဒီလိုဆိုရင်

အရွက်မဲ့တဲ့  ရိုးတံကလေးရဲ့ အတိတ်က

အဘယ်စိတ်နဲ့

ဘယ်အရိပ်ကို  ဘယ်လိုချိတ်နဲ့  တွယ်ချိတ်ရမှာလဲ ။


ကြွေ ရွက်ဝေတဲ့  နွေ ရက်ရှည်တွေထဲ

တစ်နွယ်ငင်လို့  တစ်မျှင်မှ  ပါမလာခဲ့လေတော့

ငါ့ရင်ကို  ရဲရဲဖွင့်

လန်းလန်းဝံ့ဝံ့နဲ့  ရွက်ကုန်ဖွင့်မယ် ...

ဥသြသံရဲ့  ဒီ နှောင် ကြိုး တွေ မှာ ။        ။


လေးစားခင်မင်လျှက် - ဇင်မင်းကို ` ၀ဿန်မြေ ´

( 27 . 3 . 2012 )


အောက်စီဂျင်ငတ်သော နှလုံးသား*

$
0
0

အစက ရိုးသားခြင်းတွေနဲ့ နောက်တော့ အစိုးရသွားတယ်
ရုပ်ဆိုးဆိုးနှလုံးသားတစ်ခုရဲ့ တစ်ထွာလောက်သမုဒ္ဒရာကို စိန်စီဖို့
တစ်ထွာပင်လယ် မြောက်များစွာက မောင်းခလုတ်တစ်ခုရဲ့ သံပိုက်အောက်
ခေါင်းလျှိုဝင် ပုခုံးထမ်း အားကုန်မရင်း
အောက်စီဂျင်လည်း မ၀တော့ဘူး

ကြွက်စုတ်လို ရွှဲနစ် ကျပ်မပြည့်တဲ့ အသည်းနဲ့
ဟုတ်တိပတ်တိ မြို့ကလေးကိုမှ ကလေးအတွေးနဲ့ မတွေးနဲ့တဲ့
... နောက်ဆိုတာမရှိတော့မှန်း မင်းရောငါရော သိတယ်
နောင်တတွေအကြောင်းတွေးရင်း နှောင်းတတွေ ထပ်ထပ်မလာဖို့
မိုးမသောက်ခင် အဲဒီကမ်းခြေက ခြေရာဖျောက်ဖို့လိုတယ်
ရက်စက်ခြင်းတွေနဲ့ စွန်းစားဖို့ အခကြေးငွေ
ပေးထားတာမဟုတ်ဘူး
အချက်ပြမီးအိမ်ပြာပြာရဲ့ တံဆိပ်ကပ်မထားတဲ့
အစိမ်းရောင်ဝတ်စုံပေါ်က သိုးမွှေးတွေ ဘယ်သူနှုတ်ခဲ့သလဲ
နှလုံးသားရဲ့ အပူဒဏ် အံကြိတ်ခံရင်း
အောက်စီဂျင်လည်း မ၀တော့ဘူး

ပဲ့ကိုင်တစ်ယောက်ရဲ့ ကျွမ်းကျင်မှုက မင်းရောငါရောကို
ဟိုးအဝေးဆုံးကို ပို့ပေးလိမ့်မယ် ဒါပေမယ့် ကံနည်းနည်းတော့လိုတယ်
မိစ္ဆာနတ်ဆိုးက လေချွန်နေပြီး ယမမင်းက ကကြိုးဆင်ထားတယ်
ဗြစ်တောက်ဗြစ်တောက် လုပ်မနေကြနဲ့
အသက်မသေပဲ ကျွန်တွေအဖြစ် ကျန်နေခဲ့တာကိုပဲ
ငါ့နှလုံးသားက ဘုရားသခင်ကို ကျေးဇူးတင်ရင်း
အောက်စီဂျင်လည်း မ၀တော့ဘူး

မြ...

အနှိုင်းမဲ့မေတ္တာ

$
0
0
ဘ၀တစ်ခုရဲ့ အာရုဏ်တက်
လင်းလက်နေတဲ့ မိုးသောက်ပေါ့
ရောင်နီဦးအလင်းပေါက်
လောကထဲမှာ လမ်းလျှောက်စေခဲ့တယ်....။
သောကတွေ ၊ မောဟတွေနဲ့
မာယာများတဲ့ လှည့်ကွက်ဆိုတာ
ကံကြမ္မာရဲ့ လက်နက်တွေပဲလား..
သူတို့မသိပါ........။
ဓါးတောင်ကို ပန်းခင်းလမ်း
မီပင်လယ်ကို စမ်းရေအေးလို့မှတ်ထင်
ပဲ့ပြင်မောင်းနှင်ခဲ့ လှေငယ်ဟာ....
လူတလုံး သူတလုံး အပြုံးတွေဆင်စေခဲ့ပေါ့.......။
တစ်သက်စာကျေးဇူးတွေလို့
မရည်ရွယ်ပဲ စိုက်ပျိုး
ပိုးမထိပင်စည်မပုပ်အောင်
ယုယခဲ့ ဥယျာဉ်လေးတွေဟာ
အခုဆို........
ပန်းမျိုးတထောင်ပွင့်ကြတော့မှာပါ ။
ဆိုး ၊ပေ ၊လေလွှင့်နေရင်တောင်
သာကြည်ရွှင်ပျ ရှုမ၀ပဲ
ဘယ်ချိန်ထုတ်သုံးသုံး
သုံးရအောင် သိမ်းထားတဲ့ကြွပ်ကြွပ်အိပ်လေးတွေလို.....
လောကကို အမှိုက်ကင်းစေတဲ့သူတွေပါ ။
ဘယ်ပန်းချီ...စာချီဖွဲ့လို့မမှီတဲ့
အနှိုင်းမဲ့အလွန် မေတ္တာတံခွန်ထူလို့
ဤဇမ္ဗူ ပြိုင်သူရှားလောက်တဲ့
ငါတို့တွေရဲ့ ...............
ငါတို့အားလုံးရဲ့............
နေလို လလို .....ကျေးဇူးဆပ်မကုန်တဲ့
မိဘနှစ်ပါးကို စိတ်ချမ်းသာအောင်ထားနိုင်ကြပါစေ။     ။ William



အချစ်ဋီကာ

$
0
0
အချစ်ဋီကာ

နိဒါန်း

        အချစ်ဆိုတာ ဘာလဲ သင်သိပါရဲ့လား? ကျွန်တော်တို့ လူသမိုင်းအစကတည်းက
တွေးတောကြံဆလာခဲ့တဲ့"အချစ်" ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်မောင်သက်အိုးမှ ဒီပို့စ်လေးမှာ "ဋီကာ"ချဲ့
ပါတော့မယ်...။ သြော်ဋီကာချဲ့မယ်ဆိုလို့ သိပ်လဲအထင်ကြီးမသွားပါနဲ့ဦး။ တတ်သလောက်မှတ်သလောက်
ကိုယ်ထင်ရာပေါ့ဗျာ...။ ဘာတဲ့မျက်ကန်းခြောက်ယောက် ဆင်မမြင်ဘူးလို့ လက်နဲ့စမ်းကြည့်ကြသလိုပေါ
့ဗျာ။ ကျွန်တော်လဲ "ဆင်"လို့ထင်မိမြင်မိ တာကိုပဲပြောပြချင်တာပါ၊ အချစ်ဘယ်ကစလဲ။ ရိုမီယိုနဲ့ဂျူးလိယက်ကလား
ဒါမှမဟုတ် ရှင်မွေးနွန်းနဲ့ မင်းနန္ဒာကလား?လူတွေကတော့ အမျိုးမျိုးပြောကြတယ်။ အချစ်ကို ဝေဖန်ကြတယ်။
ပိုင်းခြားကြတယ်... အမျိုးအစားနဲ့ အဆင့်အတန်းတွေ ခွဲကြတယ်။ အချစ်ဆိုတာပေးဆပ်ခြင်းတဲ့...။ တစ်ချို့က
အချစ်ဆိုတာ ရယူခြင်းတဲ့။ တစ်ချို့တစ်ချို့ကြတော့လဲ အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတယ်တဲ့။ ဘယ်ဟာမှန်ပါသလဲ။
ကျွန်တော်အဲဒီလူတွေကိုမေးချင်တာ "အချစ်ဆိုတာကိုမပြောပါနဲ့ဦး "လှတာ၊ ချောတာ"နဲ့ "ချစ်စရာကောင်းတာ"ကို
သေသေချာချာ ခွဲခြားသိရဲ့လား" လို့လေ...။ကျွန်တော်ကတော့လှတယ်ဆိုတာ အကြည့်ခံတာ ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့ကောင်းတာမျိုးလို့ထ...

လူရွှင်တော်

$
0
0


လူရွှင်တော်



 

လောကဇာတ်ခုံပေါ်


`ရသ´ ပေါင်းစုံ အထုပ်ကိုဖြည်၊


ရယ်မော ပျော်ရွှင်မှုတွေပဲ ရွေးချယ်ခဲ့တာက


တစ်နေ့တာ ပင်ပန်းသမျှ


တစ်ညတာ အပန်းတော်ပြေစေဖို့ …


`အသိ´တံခါးကို  ပိတ်၊


`ခံစားချက်´တံခါးကို  ပိတ်၊


အပြုံးရနံ့တွေနဲ့   ဖီးလိမ်းခြယ်သ


လှည်းနေ လှေအောင်း၊ မြင်းဇောင်းပါ မကျန်စေနဲ့


မိုးတလင်း `က´ ပြမယ် …။


 

လေးစားခင်မင်လျှက် - ဇင်မင်းကို  ` ၀ဿန်မြေ ´

( 11 . 4 . 2012 )


Viewing all 191 articles
Browse latest View live