Quantcast
Channel: စာရေးသူတို့ ဆုံဆည်းရာ
Viewing all 191 articles
Browse latest View live

ခါတော်မီ ပိတောက်

$
0
0


ဧပရယ်ကခြေသည်

သူ့သစ္စာတရားအတွက်

သူ့အကိုင်းမှာ ဟီးလေးခိုပြရမှာမို့

ဒီအခန်းအတွက်တီးလုံး

မိုးအုန်းအုန်းနဲ့  စ လိုက်ကြပါကွယ်။

 

ကိုကြည်နိုင်

12th.  April. 2012


ကြယ်

$
0
0


လာ  အချစ်
ရဲရဲလင်းပွင့်လိုက်ရအောင်
ငါတို့ကိုယ်မှာ မီးစုန်းတွေ ဟုန်းဟုန်းထ
အလင်းငွေ့တွေ ဖြာဖြာကျလာသည်ထိ
တစ်ပွင့်ပြီး တစ်ပွင့်ပြိုလဲ
စူးရဲဝန်းမောက် တောက်ပလိုက်ကြမယ်
ကြွေကျမှ လှတဲ့ဘ၀မှာ
ဘာကို နောင်တရစရာရှိသေးလဲ။



ကိုကြည်နိုင်

15th. 4. 2012

လူရိုင်းယဉ်ကျေးမှု

$
0
0
လူရိုင်းယဉ်ကျေးမှု

*ကိန်းကြီး ခန်းကြီး စကားပြောမယ်ဆို ငါ တော်တော် လိုသေးတယ်။
မနက်က..
လျှပ်ပေါ်လော်လည်တဲ့ မိန်းမတစ်ယောက်ရဲ့ နိမိတ်ဖတ်လိုက်ပုံက
...
ရိုးရာကိုင်တယ်တဲ့
ဘာလဲ....ဘယ်နေရာလဲ...........ဘယ
်မှာကိုင်တာလဲ
ကိုင်သာ ကိုင်၏ နေရာမသိ


*ဟန်ဆောင် ပန်ဆောင် နေကြမယ်ဆို ငါ တော်တော်လိုသေးတယ်
ယောက်ျားဘိနပ် မိန်းမနားကပ်
ငါ့ဘိနပ် ပြတ်နေတာတော်တော်ကြာပြီ
ဟင့်..ဟွန့်....အွန့်(နှာခေါင်း
မှ အသံထွက်သံများ)
ချုပ်ရိုးနှစ်ဖက်နဲ့တာယာဘိနပ် ကြည့်တက်ရင်တော်တော်လှတယ်
မျက်စိထဲ မပေါ်တာတော့ ခင်းဗျာတော်လို့ပါ

*ကောင်းကင်မှာ တိမ်တွေ တစ်ရွေ့ ရွေ့သွား
မြေကြီးထဲမှာ တစ်ရွေ့ရွေ့သွားနေသော တွားသွား သတ၀ါများ
လူတွေလဲ နေရပ်ကို ရွေ့ရွေ့စွန့်ခွာ
အသဲနာနေတဲ့ညောင်ပင်ကတော့ အလိုမတူပဲ တက်နေခဲ့တဲ့ နတ်ကိုမျက်စောင်းထိုးလို့
ခို ၀င်စားတဲ့ လူတစ်ယောက်ကတော့
သူ့အရိပ်အောက်မှာ ဟန်ကျ ပန်ကျ အရက်ထိုင်သောက်ပြနေလေရဲ့။    ။သက်မင်း(နှင်းဝေး)

စနေသမီးရဲ့ ကြာ

$
0
0
စနေသမီးရဲ့ ကြာ

စိတ်ထင်ရာ လျှောက်ခြစ်ထားတဲ့
အရောင်စုံ ပန်ချီကားအောက်ကို
ကျွမ်းထိုးမှောက်ခုံ ပျော်ဝင် ကူးခတ်ပြီးနောက်
ကော်ဖီခါးခါးတစ်ခွက်ကိုလဲ ငါမသောက်ချင်တော့ဘူး နီနီညို

လူတန်းစားပေါင်းစုံရဲ့ အမြင်အာရုဏ်တွေဟာ
အ၀ါရောင် သတ္တုပြားတွေအောက်မှာ မပီဝိုးတ၀ါး
မုဆိုးမသား တစ်ယောက် သာသာ
အချိန်တွေက လှည့်ဖြားခံနေရတယ် နီနီညို
ရာဇ၀င်မှာ ထုနဲ့ထေးရှိခဲ့ပါရဲ့   
အဖသတ်သားချင်းအတူတူ
ဘာကြောင့် အဇာတသတ်ကိုမှ လက်ညှိုးငေါက်ငေါက်ထိုးချင်ရတာလဲကွယ်

ငါပြောမယ် နီနီညို
ကံကြမ္မာဆိုတာ ပန်ကန်ပြားထဲက ဂျင်သီးတစ်လုံးလို ရင်ခုန်ဖို့ကောင်းပါသလား
လူတွေကြားထဲရောက်ရင် ငါမျက်စိနောက်တယ်

ဖောက်ပြန်မှုအကြောင်းပါမယ်ဆို ရာသီဥတုအကြောင်းလဲ လာမပြောနဲ့
ပကတိ အရှိတရား မပါဘူးဆို အနိစ္စတရားလဲ လာမဟေားနဲ့
ငါ့အပ်နဲ့ငါ အဖောက်ခံရပြီးနောက်မှာ နင့်ရဲ့ ပူဖောင်းသာသာအချစ်ကို
မေယုတောင်နဲ့ နှိုင်းပြရင် ငါ ရီချင်တယ်

ကြာပြီလေ.....ကြာပေါ့..........ကြာခဲ့ပေါ့
အလေးခိုးဖို့ချောင်းနေတဲ့ မျက်ခုံးပေါ်လမ်းလျှောက်သူတွေရဲ့
မြှောက်ထိုးပင့်ကော် စကားလုံးတွေအောက် ဘ၀င်မြင့်လောက်အောင်
တိမ်ထဲမှာ လမ်းလျှောက်.....................။ ...

ခေတ်ပေါ် ၂၁ရာစု ရေားဂါ

$
0
0
ခေတ်ပေါ် ၂၁ရာစု ရေားဂါ

ငါ့သမီးလေးက အမှောင်ကြောက်တက်တယ်
လင်းလောက်စရာ ဘက်ထရီ မရှိဘူး ။

ငါ့ရည်းစားလေ ကိုယ်ယောင် ဖျောက်ကွယ်
မက်လောက်စရာ အသပြာ မရှိဘူး ။

ဟဲလို...ကောင်းကင်ဘုံကလား
လည်ပင်းကို ကြိုးနဲ့ဆွဲပေးပါ
လူတွေကို အထက်စီက မြင်ချင်လို့
ရှက်တက်လို့သေရမယ်ဆိုနာမည်နှစ်ခါပျက်တယ် ။

ဘာဖြစ်သလဲ
ဖက်နဲ့ထုပ်ထားတဲ့ စည်းစိမ်တွေနဲ့ ဇိမ်ရှိရှိနေရတာ
ဘာဖြစ်သလဲ
လခမပေးရင် အဆောင်ရှင်ဆိုတာ ရန်ထောင်တက်တာ
သဘာဝကိုလွန်ဆန် ပြန်ရန်ဖြစ်ရအောင်
ငါဆိုတဲ့ကောင်က အဆံချောင်မနေဘူး။

အော် ဆန်အသေတောင်လောက်ငှအောင်
မနည်းစားနေရတဲ့ဘ၀မှာ
ဆန်ရှင်တွေပြောင်းလာရင် ဘယ်ချောင်မှာ ပုန်းရပါ့
ဒေါင်ကျကျ ပြားကျကျ ..ဒေါင်ကျကျ ပြားကျကျ.........။ ။သက်မင်း

အမိန့်

$
0
0




အမိန့်



ရာဇ၀င် မတွင်ပေမယ့်

ထာဝစဉ် ရှင်သန်ခဲ့တယ် ။


သူ့အတွက် ချစ်ခြင်းမှာ

ကျေနပ်စွာ သိမ်းပိုက်ခံတဲ့  သုံ့ပန်း ၊


သူ့ရဲ့ သတ်ခြင်းမှာ

ကျေနပ်စွာ ခံယူခဲ့တဲ့  အာဏာသား ၊


တောင်စွယ် နေကွယ်သွားလည်း

ရိုကျိုးစွာ ချစ်နေတယ် ။



လေးစားခင်မင်လျှက် - ဇင်မင်းကို ` ၀ဿန်မြေ ´

( 21 . 4 . 2012 )




သူခိုးသက်မင်း.....သက်မင်းသူခိုး

$
0
0


အဲ့ဒီလောက်ရိုးသားပြနေမှတော့

ငါ့ဘက်ကဖွင့်ပြောရမှာလဲ သူစိမ်းဆန်လွန်းတယ်
အကန့် အသတ်နဲ့ ထိန်းချုပ်ထားခဲ့မှတော့
နင့်ကို ငါချစ်တယ်ဆိုတာလဲ ဖွင့်မပြောတော့ပါဘူး
ရင်ထဲမှာတော့မေားတယ်။

လ...ကို..လအတိုင်းထားမယ်ဆို
ကြယ်မပါရင်ဘယ်လိုလုပ်လှနိုင်မှာလဲကွယ်
ငါမရိုးမသားနဲ့မြတ်နိုးရပါသော ကောင်မစုတ်ကလေးရေ
ပန်းကို မြတ်နိုး ခိုးမွှေးမယ်အကြံ
သူခိုးခြေလှမ်းနဲ့ မင်းဆီ မှန်မှန်လာနေပြီ
နင် အအိပ် ဆတ်နေနိုင်ပါရဲ့လား။ ။သက်မင်း

မနေ့ညကတော်တော်လွမ်းတယ်ဗျာ။လွမ်းလွန်းလို့ အလွမ်းကဗျာရေးမယ်ဆိုပြီး စလိုက်တာ တစ်ကယ်ပါ မှန်တာပြောရင် ကျွန်တော်ကြိုက်သမျှကောင်မလေးတွေနဲ့ ရည်စားဖြစ်ပါရစေ။
တည်တည်တံ့တံ့ မနေတက်တဲ့ ကျွန်တော်ကလဲ ပေါက်တက်ကရရေးမိခဲ့ပါတယ်။တစ်ကယ်ပါပဲကောင်မလေးရေ နင့်ကိုငါ လွမ်းရပါတယ်ဆိုတာတောင်မှ ဖြောင့်ဖြောင့်တန်းတန်း မရှိလိုက်တာကွယ်။

အိန္ဒိယမှ တရုတ်အသွား ပျက်ကျလာသောစကားများ

$
0
0
အိန္ဒိယမှ တရုတ်အသွား ပျက်ကျလာသောစကားများ

ကိုဂျိရေ........
ဆီကိုရေချိုး ဆေးရိုးမီးလှုံခဲ့မှတော့
ဗမာတွေမွဲတာမပြောပါနဲ့

ကိုဂျိရေ......
ဘိုးဘိုးအောင်နဲ့ အဇ္ဇဂေါဏတို့ မတာစောင့်နေမှတော့
ဗမာတွေ မွဲတာ မပြောပါနဲ့ ကိုဂျိရေ

ကိုဂျိရေ..........
ငွေသာရရင် ကိုယ့်အသိုက်ကို
ဖျက်ရောင်းတဲ့ ဗမာတွေ အတွက်
ဒေါ်လာနဲ့ မျက်ရည်စက်တွေ ၀ယ်လို့ ရတယ် ကိုဂျိရဲ့

ကိုဂျိရေ..........
ရှိတာတွေထက် အလှမက်တဲ့
ဗမာမတွေအတွက် အသပြာနဲ့ အကြမ်းဖက်လို့
ရနေခဲ့ပြီ ကိုဂျိရဲ့

ကိုဂျိရေ..............
ခင်ဗျားကို အဖေခေါ် ကျုပ်ကို လင်တော်လို့
လင်ကောင်မပေါ်တဲ့ကလေးတွေ ဗမာတွေ မွေးတက်နေပြီး ကိုဂျိရဲ့

ကိုဂျိရေ ..................
အမြှီးကျတ် အမြှီးစား ခေါင်းကျတ်ခေါင်းစား
ဗမာတွေ သွေးကွဲးနေမှတော့
ကျုပ်တို့ လက်နဲ့ ထုံးလိုချေ ရေလိုနှောက်ကြတာပေါ့ကိုဂျိရဲ့။ ။ သက်မင်း

သူတို့ကို အပြစ်မတင်ပါဘူးဗျား။ကျွန်တော်တို့မြန်မာတွေက လူညံ့တွေ ဖြစ်နေကြတာလား။ကျွန်တော်ကိုယ်တိုင်လဲ ဘာကောင်မှ မဟုတ်သေးပါဘူး။ အသဲနာတာတော့ တစ်ကယ်ပါဗျာ။ သက်မင်း

စုတ်ပဲ့ပဲ့နေ့ရက်များကို အန်ထုတ်ခြင်း

$
0
0


                 1977ဖွား ဘူဇွာတော်လှန်ရေးသမားမဟုတ်
                      အရင်းရှင် အလုပ်ကို ကြေားကိုင်း
                 ရိုးရိုး တန်းတန်း တပ်ထားတဲ့ မျက်မှန်နဲ့
           ဘာသာတရားကို အရောင်ပြောင်အောင်ကြည့်တက်တယ်

ယဉ်ကျေးမှု.............
                 စကားလုံးတွေကြောင့် ယဉ်ကျေးမှုဖြစ်လာတာလား
              ယဉ်ကျေးမှုကြောင့် စကားလုံးတွေ ပေါ်ပေါက်လာတာလား
                               ကြက်ဥအစရှာရသလိ...

မေတ္တာတရား

$
0
0







သိုးငယ်တစ်ကောင်လို

မာယာမဲ့  ဖြူစင်တယ် ။


လ,ရောင်ရဲ့ အလင်းလို

မိန်းမောစွာ  ခိုလုံဖွယ်ဖြစ်ခဲ့ ။


စမ်းချောင်းလေးလို

အေးမြကြည်လင်ခဲ့ ။


ပန်းတစ်ခင်းလို

ရနံ့မွှေးပျံ့ ကြိုင်စေခဲ့ ။


တောင်တန်းတွေလို

ရင့်ကျက် တည်ငြိမ် အေးဆေးခဲ့ ။


သီချင်းတစ်ပုဒ်ရဲ့  တေးသွားလို

ငြိမ့်ငြောင်း သိမ်မွေ့ နုညံ့စေခဲ့ ။


လေနုအေးတွေလို

ညင်သာချော့နမ်း လွမ်းစေခဲ့ ။



ရှိနေမှန်းသိလို့

ရနိုင် မရနိုင်ဆိုတာ  မသိပေမယ့်၊

အဲ့ဒီ ...

မေတ္တာတရားစစ်စစ်တွေနဲ့မှ

မျက်နှာသစ်ချင်ခဲ့သူပါ ။         ။



မြမဟေသီ

( 5 . 5 . 2012 )



အလင်းနဲ့ အမှောင်

$
0
0







လူသားမျိုးစိတ်သစ်တွေရဲ့

သွေးကြောထဲ

နည်းပညာထိုးဆေးတွေက  ပျံ့နှံ့လှုပ်ခတ် ၊

အကျည်းတန်လှချိန်မှာ

ဆတ်ကော့ လတ်ကော့နဲ့ လှနေတဲ့ကမ္ဘာကြီးပေါ်

ညစ်ညမ်းတဲ့ လေ၊ ရေက သဲသဲမဲမဲရွာ ၊

ချစ်ခြင်းမေတ္တာ ဆိုတာ

ပိုးစုန်းကြူးရဲ့ အလင်းသာသာ ...

မတရားမှုတွေက

ရေကြည်ရာ  မြက်နုရာ  ရွှေ့ပြောင်းကြ ။        ။




လေးစားခင်မင်လျှက်  ` ဇင်မင်းကို - ၀ဿန်မြေ ´

( 6 . 5 . 2012 )

ဂိတ်ဆုံးမြို့

$
0
0
နှင်းလျှောစီးသမားတစ်ယောက်လို

ရှပ်ပြေးက အမောတကော ဆိုက်ကပ်ငြိမ်သက်

လှိုင်းကြက်ခွပ်တွေထိုးခွဲပြီး

ဧရာဝတီလည်း တအိအိဝင်ရောက်လာ

လမ်းကြမ်းကြမ်းမှာ ဘီးခဏခဏလဲပြီး

အဝေးပြေးကားက ခပ်တည်တည်နဲ့

လျှောကနဲ ထိုးဆိုက်ရပ်နား

ရှေ့ဆက်စရာမရှိတဲ့ဘ၀မှာ

ရတဲ့ခရီးသည်တင်ပြီး

နောက်ကြောင်းလှည့်ပြန်သွားကြတာ အလျှိုလျှို။



မောင်ရင်စစ်

မေတ္တာပို့တေး

$
0
0
မေတ္တာပို့တေး
 
                                        တစ်ဘို့ထဲရှိမှ နွားဆို..........
                                 ငါ့ကို ဘာလို့လာကြည့်နေတာလဲ 
                         လူဆိုတာ ကြံရင်သေ ငှက်ဆိုတာ ပျံရင်သေ
                                     အကြံတိမ်တိမ် ငါ့အတွက်
         &nbsp...

ကျွန်တော့်ရဲ့ ည

$
0
0





ကျွန်တော့်ရဲ့  ည




ထီးလေးဆောင်းထားတဲ့  လခြမ်းကွေး

ကြယ်ကြွေရင်  ဆုတောင်းတတ်တာက

စိတ်ကူးလိပ်ပြာ သန့်သန့်နဲ့ပါ ။



ကျွန်တော်နဲ့  ကောင်းကင်

ကောင်းကင်နဲ့  ည

ညနဲ့ ကျွန်တော်  စစ်တိုက်တဲ့ပွဲမှာ

ကြယ်တွေက  ကျွန်တော့်ကို  ငေးသလို

ကျွန်တော်လည်း  ကြယ်တွေကို ပြန်ငေး ...

ခရေပွင့်ကြွေသလို

ကြယ်တွေ ကြွေပြမှုမှာလည်း

ဆုတောင်းတိုင်း မပြည့်တာကိုက

ကျွန်တော့် ကံကြမ္မာ ဖြစ်ဖြစ်နေခဲ့ ။



လိုက်လျောညီထွေ  အနေအထိုင်မတတ်မှုမှာ

အမြင်က ကန်းပြီး  အသိက ပိတ်နေတာ့

သောကတွေက  ဘ၀ကို

ခုနှစ်စဉ်ကြယ်လို  အမြီးထောင်ပြနေပေါ့ ။



ကျွန်တော်ကလည်း  လုံခြုံပါတယ်၊

ည,ကလည်း  ည,ပီသတယ် ...

ကမ္ဘာမြေကို  လရောင်က နမ်းသလို

မကြွေသေးတဲ့  ကြယ်တွေရဲ့ အနမ်းမှာ

ကျွန်တော်ကလည်း  မိန်း မော လို့ . . . ။      ။





ဇင်မင်းကို  “ ၀ဿန်မြေ ရဲ့ ကဗျာအိမ် ”

( 12 . 5 . 2012 )


ငါလာမယ်................စိတ်ချ

$
0
0
ငါလာမယ်................စိတ်ချ


ငါက..
ကံကြမ္မာကို မယုံကြည်တက်သူ
သံသရာကို စိတ်ချရအောင် တပ်လှန့်ထားခဲ့
ဖြစ်သမျှ အကြောင်းတွေ ခေါင်းထဲရောက်လာရင်
အာရုဏ်နောက်တယ်

အပျက် အပျက်နဲ့ နှာခေါင်းသွေးထွက်စရာ
ရာသီဥတုဖောက်ပြန်မှု
အပူချိန် ထိန်းညှိမထာနိုင်သော ခန္ဓာ ကိုယ်
သည်အန့်(The End)ဆိုတာ မြန်လွန်းတယ်

ဟလို........နှင်းနုအောင်
စေားစေားထ ၊ အိပ်ရာသိမ်း ၊ ခရီးထွက်
ကနေ့ မနက်ဖြန် တစ်ရက်ရက်တော့ ငါ့ဆီ ပြန်ခဲ့ပါ

မလာနဲ့ ... မလာနဲ့ ..... ငါလာခဲ့မယ်
ကုတို့ခ တစ်မတ် ငါတက်နိုင်တဲ့နေ့
ဟိုနေ့ ဒီနေ့ တစ်ရွေ့ရွေ့

ဇာတိနဲ့ မရဏကြား ဟေးလားဝါးလား ပျော်ပါးခဲ့သော ကစားပွဲ
ဘုရားသခင် လိုက်ပွဲကို ခိုးစားမိသောသူ
သံသရာဆိုတာ ပူလွန်းတယ်

ဘ၀မှာ ငါ အမုန်းဆုံးက
ကိုယ်တိုင် စီရင်ခွင့် မရသော သေခြင်းတရား
သူ့စကားတွေ နားထောင်ရတာ ငါပျင်းတယ်

အချစ်ရယ်
အလို မတူပဲ မျက်ရည် ကျခဲ့ရတာ လွယ်လွန်းတယ်
မရေးတော့ ဘူးလို့ ဆုံးဖြတ်ထားတဲ့ သေတမ်းစာတွေ
မပြောတော့ဘူးလို့ ပါစပ်ပိတ်ထားတဲ့ နှုတ်ဆက်စကားတွေ

အချစ်ရေ ........
ဟိုမှာ တို့နှစ်ယောက်ရဲ့ တိမ်တွေ မဲမှောင်
နေညိုချိန်ရောက်ခဲ့တာ မမြန်လွန်းဘူးလာကွယ်။ ...

ပိုက်ဆံ

$
0
0




http://speedlaces.files.wordpress.com/2011/02/money_tree2.jpg


ပိုက်ဆံ



အလင်းတွေကို  မှောင်စေနိုင်သလို


အမှောင်တွေကိုလည်း  လင်းစေနိုင်တဲ့

အကျင့်စာရိတ္တရှိတယ်။


အရှက်တရားကို  နတ္တိဖြစ်စေနိုင်သလို

အမြတ်တရားကိုလည်း  ကျိကျိတက်စေနိုင်တဲ့

ဂုဏ်သိက္ခာရှိတယ် ။


လ,ကမ္ဘာမှာ  မြေ၀ယ်နိုင်သလို

နှူကလီးယားပင်တွေကိုလည်း  စိုက်ပျိုးနိုင်တဲ့

ခွန်အားရှိတယ် ။


သူဆင်းရဲ အစ  ဘီးလ်ဂိတ်အဆုံး

ဖြေဆေးမရနိုင်တဲ့  သတ္တိထူးရှိတယ် …။


သူဟာ . . .

သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ အလင်း၊

ကြိုတွက်မရတဲ့  ၀ှက်ဖဲတစ်ချပ်၊

ငရဲပြည်အစ  နိဗ္ဗာန်ဘုံအဆုံးရဲ့ကြား

တချွင်ချွင်နဲ့  ဝေသီနေတဲ့ ခေါင်းလောင်း  ။       ။



လေးစားခင်မင်လျှက် - ဇင်မင်းကို


ဘ၀လှေ

$
0
0



လောကအလယ်

တစ်နေရာစာ လာဦးရင်း

ဒုက္ခနဲ့  ကံကြမ္မာ

ခေါင်းပန်းလှန်ရတိုင်း

ဖြစ်လာသမျှ ရောင့်ရဲချင်ပေမယ့်

ရောင့်ရဲစရာက မရှိ ။

ဘယ်သူ အလဲထိုးကြမှာလည်း

ဘ၀ကို က,တတ်သလို

ခြေချိုး  လက်ချိုးနေရတာတောင်

ကံကြမ္မာက  အငြိုးကြီးလွန်းပါတယ် ။

မမှောင်ခင်  ပျံသန်းရမယ့် အသိတစ်ခု

ဘ၀ကို လက်နဲ့လှော်ခတ်ခဲ့ရ ၊

ရွာချလိုက်တဲ့  တစ်ကိုယ်တော် အတ္တမိုးမှာတောင်

ဖြစ်နိုင်ချေက  နည်းတယ် ။

လက်ချည်းပဲ ပြန်ခဲ့ဆို  ပြန်ခဲ့ပါ့မယ် …

လျှော့ဈေးနဲ့တော့  ဘ၀ကို  အညွန့်ချိုးမခံဘူး ။

` မှောင်တဲ့နေရာကို  အလင်းမရောက်နိုင်ဘူး ´ တဲ့ ၊

သေးသိမ်ပြီး  သတိလစ်သွားအောင်

မှေးမှိန်တဲ့  အကြည့်တွေကြားထဲ

` မာန ´ ဆိုတဲ့ လက်လှော်တက်သာ မရှိခဲ့ရင်

( သေချာတယ် )

` ဘ၀လှေ ´ ရှေ့ဆက်ဖို့ မလွယ်ဘူး ။         ။

 

လေးစားခင်မင်လျှက် - ဇင်မင်းကို

( ၂၉ . ၅ . ၂၀၁၂ )

ကျားနာ

$
0
0

မနက်ကမှ သိလိုက်ရတယ်.......

ငါ.ရင်ဘတ်က ဟောင်းလောင်း

အရဲရင်.ဆုံးနှလုံးသားနဲ.

ချစ်တယ်ဆိုတဲ. ကောင်

သေကောင်ပေါင်းလဲ အသဲတွေဟတ်တတ်ကွဲစမ်း။

 

မြို.ပျက်ထဲကိုရောက်နေတဲ.

ခပ်မွဲမွဲစောင်းသံက

စည်းချက်မမှန်သေးသ၍

ဆောင်းနှင်းတွေ လုံးဝမဝေစေရဘူး။

 

နွေဥတုတွေက အရှင်လတ်လတ်

တိုက်ခတ်လာတဲ. လေနီကြမ်းတွေကို

ဒိုင်ယာရီ မှတ်တမ်းမှာ

ခပ်ကြမ်းကြမ်းစုတ်ချပ်တင်ခဲ.တယ်။

 

အိပ်မက်တွေက အိပ်တန်တက်

ငါ.ရဲ. ကမ်းကပ်မဲ.လမ်းမှာ

အလွမ်းတွေပျိုးထားတဲ. နတ်ဆိုးကို

ဓါးနဲ.ထိုးမယ်............

 

 

 

                                                            မင်းနောင်(27.4.2012)

လာမယ့်တနင်္ဂနွေ

$
0
0
လာမယ့်တနင်္ဂနွေ

လာမယ့်တနင်္ဂနွေအတွက်
စိတ်ကူးတွေက အများကြီး
ရောက်လာခဲ့တဲ့တနင်္ဂနွေမှာ
နိစ္စဒူဝတွေနဲ့သာကုန်လွန်ခဲ့
ရွေ့လျား၊ ကုန်မြန်နေတဲ့
သီတင်းပတ်တွေထဲ
ရည်ရွယ်ချက်တွေအတွက်၊
အိပ်မက်တွေအတွက်
အကောင်အထည်ဖော်ဖို့. . . . . ၊
ကျန်ရစ်ခဲ့နေ့ရက်တွေမှာ. . . . . ၊
ဒါနဲ့ . . . . .
လာမယ့်တနင်္ဂနွေမှာ ငါဘာလုပ်ဖို့ရှိလဲ. . .။

ဆောင်းငှက်
May 28, 2012_MON
2:46 PM

အဲဒီနေ့ က မိုး ရွာ တယ်

$
0
0
                                                                                      မိုးတွေ ရွာနေတဲ့ ညနေ တခုပေါ့ ..
                                                                                   &nb...
Viewing all 191 articles
Browse latest View live